Local News

ဦးကျော်မိုးထွန်းကိုလုပ်ကြံဖို့ ခိုင်းစေတဲ့ နောက်ကွယ်က ကြိုးကိုင်သူ

ဦးကျော်မိုးထွန်းကိုလုပ်ကြံဖို့ ခိုင်းစေတဲ့ နောက်ကွယ်က ကြိုးကိုင်သူ

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ အဓိကစီစဉ်သူဟာ စစ်ခရိုနီတွေနဲ့အပေါင်းအပါတွေဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

အမေရိကန် တရားရုံးနဲ့ FBI ရဲ့ သတင်းထုတ်ပြန်ချက်အရ ခြိမ်းခြောက်လုပ်ကြံမှုမှာ အဓိကကျနေသူဟာ မြန်မာစစ်တပ်ကို လ က် နက်ရောင်းချနေသူ လ က် နက်ပွဲစားလို့ အကျဉ်းချုပ်ဖေါ်ပြထားတာတွေ့ရပါတယ်။

အဲဒီပုဂ္ဂိုလ်ဟာ လောလောဆယ် ထိုင်းနိုင်ငံမှာရှိနေပြီး ထိုင်းကနေ စီစဉ်အကြံပေးနေသူလို့ ဆိုထားပါတယ်။

သတင်းထုတ်ပြန်ချက်အကျဉ်းအရဆိုရင် ရဲဟိန်းဇော်ဟာ အမေရိကန်မြေမှာ ခရိုနီ ဒါမှမဟုတ် စစ်ခေါင်းဆောင်တစ်ဦးဦးရဲ့ ငွေမဲတွေကိုင်ထားနိုင်သူလို့ အမေရိကန် နယူးရောက်မှာနေတဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

”လုပ်ကြံမဲ့ အဓိကလူ နောက်တဦးဖြစ်တဲ့ ဖြိုးဟိန်းထွဋ် (၂၈ နှစ်)ကို ရဲဟိန်းဇော်ကပဲ အလွယ်တကူငွေထုတ်ပေးနေတာ။ အသက်က၂၀ ပဲရှိသေးတယ်ဗျာ။

ဒါကိုကြည့်ရင် ရဲဟိန်းဇော်ဟာ ခရိုနီ စစ်ခေါင်းဆောင်အသိုင်းအဝိုင်းနဲ့ ပတ်ကိုပတ်သက်နေသူပဲ။ အမေရိကန်မှာ အလုပ်မလုပ်ပဲ ပညာသင်သလိုလို ဆေးလာကုသလိုလိုနဲ့ ငွေအလွယ်တကူသုံးနိုင်ဖြုံးနိုင် ပေးနိုင်တာ အဲဒီကောင်တွေပဲ’‘

အမေရိကန်အာဏာပိုင်တွေကတော့ ဘယ်သူဆိုတာ ထုတ်ဖေါ်မပြောသေးပေမဲ့ သိပြီးဖြစ်နေပြီလို့ယူဆရပါတယ်။

ငွေယူပြီး လုပ်ကြံဖို့တာဝန်ယူထားတဲ့ ဖြိုးဟိန်းထွဋ်ရဲ့ထွက်ဆိုချကိအရဆိုရင် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ပထမအဆင့်အနေနဲ့ နာကျင်အောင်ခြိမ်းခြောက်ဖို့ ထိုင်းက လ က်န က်ပွဲစားက ညွှန်ကြားတယ်ဆိုပါတယ်။

ဦးကျော်မိုးထွန်းစီးတဲ့ကား မတော်တဆ ဖြစ်အောင် ကားဘီးတွေတခုခုဖျက်စီးဖို့ ညွှန်ကြားတယ်ဆိုပါတယ်။

ပြီးရင် ရာထူးကနုတ်ထွက်ဖို့ ခြိမ်းခြောက်ဖုန်းဆက်ပြီး မထွက်ရင် ကြေးစားငှါးဖို့ နဲ့ လိုအပ်တဲ့ငွေထပ်ပို့ပေးမယ့်အကြောင်း ထိုင်းက လ က် နက်ပွဲစားက ညွှန်ကြားတယ်လို့ ထွက်ဆိုထားပါတယ်။

နယူးယောက်က မြန်မာတစ်ဦးကတော့ အခုဖြစ်ရပ်ဟာ မြန်မာစစ်တပ်အပေါ် လုံခြုံရေးကောင်စီကနေ လက်နက်ပိတ်ဆို့ဖို့တောင်းဆိုမှုတွေနဲ့ဆက်စပ်နိုင်သလို မြန်မာစစ်တပ်ကို ဂျင်းထဲ့ရောင်းနေတဲ့ လက်နက်ပွဲစားတွေလက်ချက်လို့ ယူဆပါတယ်။

”လက်နက်ပိတ်ဆို့ဖို့ အထွေထွေညီလာခံက ဆုံးဖြတ်အတည်ပြထားတယ်ဗျာ ဆက်ပီး လုံခြုံရေးကောင်စီက အတည်ပြုဆုံးဖြတ်ဖို့ ဦးကျော်မိုးထွန်းက ဆက်တိုက်တောင်းဆိုနေတာတွေ့ရတယ်။

လက်နက်မရောင်းရဘူးဆိုရင် မရောင်းရတဲ့နိုင်ငံတွေထက်ဗျာ မတန်တဆပွဲခယူပြီး စစ်တပ်ကို ဂျင်းထဲ့နေတဲ့ လက်နက်ပွဲစားတွေ ဦးတေဇတို့လိုပေါ့ဗျာ သူတို့က အချောင်စားပေါက်ပိတ်ပြီး ပိုမကျေမနပ်ဖြစ်မှာသေချာတယ်။

နိုင်ငံတကာလက်နက်ပွဲစားတွေလည်း မဖြစ်နိုင်ဘူးဗျာ။ မြန်မာစစ်တပ်ကို ဂျင်းထဲ့ရောင်းနေတဲ့မြန်မာပွဲစားနဲ့ လ က် န က်အဝယ်ပြပြီး ငွေဗုံးနေတဲ့ ဗိုလ်ချုပ်တွေလက်ချက်ဆိုတာ ထင်ရှားပါတယ်”

နယူးယောက်က နောက်မြန်မာတစ်ဦးကတော့ အခုဖြစ်ရပ်ဟာ အမေရိကန်ကို ရောက်နေတဲ့ စစ်တပ်နဲ့ပတ်သက်သူတွေ ခရိုနီအသိုင်းအဝိုင်းတွေအတွက်တော့ မျက်ခုံးလှုပ်စရာဖြစ်သွားပြီလို့ဆိုပါတယ်။

” 9/11 အကြမ်းဖက်မှုဖြစ်ပြီးကတည်းက အမေရိကန်မြေမှာ နိုင်ငံခြားသားတွေအကြမ်းဖက်တာ အကြမ်းဖက်ဖို့ ကြံစီတာကို အမေရိကန်က လုံးဝခွင့်မလွှတ်ဘူး။ ရေဆုံးမြေဆုံးလှန်တာတွေ့ရတယ်ဗျ။ အခုလည်း ဗီဇာလမ်းကြောင်း ငွေလမ်းကြောင်း အကုန်လိုက်ပြီးနေလောက်ပြီဗျ”။

လာမည့် စက်တင်ဘာတွင် ကျင်းပမည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရာထူးအတွက် NUG ကိုယ်စားပြု ဦးကျော်မိုးထွန်းနှင့် စစ်ကောင်စီတို့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ်ရှိနေသည်။

“ပြည်သူတွေရဲ့ ပြင်ထန်တဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ဒီနေရာကို ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်အနေနဲ့ ဆက်ရှိသွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဦးကျော်မိုးထွန်းက ပြောထားသည်။

ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စတင်တာဝန်ယူခဲ့သူဖြစ်သည်။

Burma News Network