တစ်နေ့လုပ်မှတစ်နေ့စားရတာကြောင့် အားရှိအောင်ကြက်ပေါင်းစားဖို့ မတတ်နိုင်တဲ့ အဘိုး၊အဘွားတွေကိုSurprise လုပ်လိုက်တဲ့ စေတနာရှင်လူငယ်လေး

လက်ရှိမှာ မိုးရာသီလည်းဖြစ်လို့ ရာသီတုတ်ကွေးလည်းဖြစ်ကြသလို ကိုဗစ်တတိယလှိုင်းကြောင့်လည်း နေမကောင်းကြသူတွေအများအပြားရှိကြပါတယ်။ဆရာဝန်တွေကလည်း လူနာတွေအတွက် ဆေးအညွှန်းတွေနဲ့ နေထိုင်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာဝန်တွေ အဓိကတိုက်တွန်းတာကတော့ နေမကောင်းဖြစ်ရင် ခုခံအားကောင်းအောင် အဟာရပြည့်ဝစွာစားသောက်ဖို့ပဲဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေက ငှက်သိုက်အပြင် ကြက်ပေါင်း၊ကြက်ဥ နဲ့ တခြားအစားအသောက်တွေကို ချက်ပြုတ်စားသောက်ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ အဟာရပြည့်ဝစွာစားသောက်နေထိုင်နိုင်ပေမယ့် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတွေခမျာ တစ်နပ်စာအတွက်တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် စေတနာရှင်လူငယ်လေးတစ်ဦးဆိုရင် အဟာရပြည့်ဝစေမယ့်ကြက်ပေါင်းလေးလုပ်ပြီး အဘိုး၊အဘွားတွေကို ဝေငှခဲ့တာဖြစ်ပါတယ်။

လူငယ်လေးက အဘိုး၊အဘွားတွေကို “ကြက်ပေါင်းစားချင်လား”လို့ မေးပေမယ့် “စျေးကြီးလို့ မစားနိုင်ပါဘူး သားလေးရယ်”ဆိုပြီး အဘိုး၊အဘွားတွေက ပြန်ဖြေခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘိုး၊အဘွားတွေ အံ့ဩပျော်ရွှင်သွားအောင်လို့ ကြက်ပေါင်းတစ်ယောက် တစ်ဘူးပေးခဲ့တာဖြစ်ပါတယ်။အဘိုး၊အဘွားတွေကလည်း အိမ်ပြန်ရောက်ရင် မိသားစုနဲ့အတူစားလိုက်ပါမယ်ဆိုပြီး   လူငယ်လေးကို အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

အခုလိုမျိုး အသက်အရွယ်နဲ့မမျှအောင် လုပ်ကိုင်စားသောက်နေရတဲ့ အဘိုး၊အဘွားတွေကို တတ်နိုင်သလောက်စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်မိပြီး ပီတိဖြစ်စရာပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder

Crd-myanmarload