(၈၈၈၈) လေးလုံး အရေးအခင်းနေ့လေးမှာ ကယားတိုင်းရင်းသူ တစ်ယောက်အနေနဲ့ သြစတေးလျနိုင်ငံရဲ့ ပါလီမန်လွှတ်တော်ရှေ့မှာ စကားပြောခွင့်ရခဲ့တဲ့ ပန်ကိတ်ဒါဒါ

(၈၈၈၈) လေးလုံး အရေးအခင်းနေ့လေးမှာ ကယားတိုင်းရင်းသူ တစ်ယောက်အနေနဲ့ သြစတေးလျနိုင်ငံရဲ့ ပါလီမန်လွှတ်တော်ရှေ့မှာ စကားပြောခွင့်ရခဲ့တဲ့ ပန်ကိတ်ဒါဒါ

ပရိသတ်ကြီးရေ Beauty Blogger တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူလေး ပန်ကိတ်ဒါဒါကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ပန်ကိတ်ဒါဒါကတော့ အနုပညာနယ်ပယ်က မဟုတ်ပေမယ့် အနုပညာရှင်တစ်ယောက်လိုမျိုး နာမည်ကြီး ကျော်ကြားကာ အမာခံ ပရိသတ်တွေနဲ့ အောင်မြင်သူ တစ်ယောက်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။

သြစတေးလျမှာ အခြေချကာ နေထိုင်နေသူ ဖြစ်ပေမယ့် ပရိသတ်တွေနဲ့ အမြဲ သူမရဲ့ Page စာမျက်နှာကနေ တစ်ဆင့် အဆက်အသွယ် မပြတ်ရှိသလိုပဲ မြန်မာ့အရေးမှာလည်း တတ်နိုင်တဲ့ဘက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားသူ တစ်ဦးပါ.။ ကိုယ်တိုင်လည်း Speech Out လုပ်သူ ပန်ကိတ်ဒါဒါကတော့ ဒီကနေ (၈၈၈၈) လေး လုံး အရေးအခင်း နှစ်ပတ်လည်နေ့မှာ ကယားတိုင်းရင်းသူ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ကြောင်းလေးကို အခုလိုပဲ တင်လာခဲ့ပါတယ်.။

“8.8.88 အရေးအခင်း နှစ်ပါတ်လည်နေ့ မှာ တိုင်းရင်းသားလူမျိုးအနေနဲ့ ကိုယ်စားပြု Parliament House မှာ စကားပြောခွင့်ရပါတယ်။ အဲ့အခါကျ live လွှင့်ပေးပါမယ်ရှင်။8.8.88 speech” ဆိုပြီး သူမရဲ့ Page စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်နော်.။ Live ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ပရိသတ်ကြီးလည်း ပျော်ရွှင်ကျန်းမာ သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.။ အရေးတော်ပုံအောင်ရမည်..။

Source: Pancake DADA’s Facebook Page
Credit ; (Cele Active World)