Local News

ထောင်အတွင်းက သေနတ်သံ (၂) ချက်အကျယ်ကြီး ​ထွက်ပေါ်လာပြီးနောက်…

မန္တလေး အိုးအိုထောင်တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြသံများ ထွက်ပေါ်

အောက်တွင် ရုပ်သံတင်ပေးထားသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းကနေ ဩဂုတ် ၈ ရက် ည ၉ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာတယ်လို့ ထောင်အနီးပတ်ဝန်း ကျင်နေထိုင်သူတွေဆီက သိရပါတယ်။

ကြွေးကြော်သံများ ထွက်လာပြီး မကြာခင်မှာ ထောင်အတွင်းက တရားသံအကျယ်ကြီးဖွင့်တဲ့အသံနဲ့ ​ေ သ န တ်သံ (၂) ချက် ထွက်ပေါ်လာတယ်လို့ ဆိုကြပါတယ်။

“ထောင်ရဲ့ဖွဲ့စည်းပုံကိုတော့ မသိတော့ ဘယ်အဆောင်ဘက်က ထွက်တယ်ဆိုတာ တိတိကျကျမပြောနိုင်ပေမယ့် အသံကတော့ ဟိန်းထွက်လာတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒို့အရေး၊ အရေးတော်ပုံအောင်ရမည် ဆိုတဲ့ အသံတွေထွက်လာတယ်။

အဲ့ဒီနောက် တရားအကျယ်ကြီးဖွင့်တယ်။ ဖွင့်တဲ့ကြားက တချက် တချက် အသံတွေထွက်လာတယ်။ အခုတော့ ငြိမ်သွားပြီ။” လို့ အိုးဘိုထောင်အနီးပတ်ဝန်းကျင်နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ဇူလိုင်၂၃ ရက်နေ့ကလည်း ရန်ကုန်၊ အင်းစိန်ထောင်နဲ့ မန္တလေး အိုးဘိုထောင်တို့မှာ အလားတူကြွေးကြော်သံတွေနဲ့ ထောင်တွင်း ကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတာတွေရှိခဲ့ပါတယ်။

Video ကြည့်ရန် Linkကို နှိပ်ပါ

https://www.facebook.com/myanmarlabournews/videos/830407897667030/

Source dvbtvnews