Sports

ယူနိုက်တက်ပရိသတ်တွေအတွက် သတင်းကောင်းယူဆောင်ပေးတော့မဲ့ အင်တာမီလန်

အင်တာမီလန်အသင်းဟာ ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့သွားတော့မဲ့ တိုက်စစ်မှူးရိုမဲလုလူကာကူနေရာကို အစားထိုးဖို့အတွက် ယူနိုက်တက်တိုက်စစ်မှူး အန်သိုနီမာစီယဲလ်ကို ခေါ်ယူဖို့စဥ်းစားနေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ မာစီယဲလ်ကို တစ်ရာသီအငှါးစာချုပ်နဲ့ ခေါ်ယူချင်နေပြီး ယူနိုက်တက်ဘက်ကတော့ အပြီးသတ်ရောင်းထုတ်ချင်နေပါတယ်။ ဒါပေမဲ့လည်း နောက်ရာသီမှာ အပြီးသတ်ခေါ်ယူခွင့်ကို အငှါးစာချုပ်ထဲပါခဲ့ရင်တော့ ယူနိုပ်တက်ဘက်က သဘောတူသွားဖို့ရှိပါတယ်။

မာစီယဲလ်ဟာ ယူနိုက်တက်မှာ တပတ်လုပ်ခ ပေါင်၂သိန်းထိရရှိနေပြီး ယူနိုက်တက်နဲ့လည်း ၃နှစ်စာချုပ်အပြင် ထပ်တိုးတစ်နှစ်ပါ ရှိနေပါသေးတယ်။ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ဆန်ချိုပါရောက်လာတဲ့အတွက် အသက်၂၅နှစ်အရွယ် မာစီယဲလ်အဖို့ နေရာရဖို့အတွက် ရုန်းကုန်သွားရဖို့ရှိနေပါတယ်။

ဆက်ဆံရေးကောင်းတွေရှိထားတဲ့ ယူနိုက်တက်နဲ့အင်တာမီလန်အသင်းတို့ကြား ​မာစီယဲလ်ရဲ့အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အခက်အခဲသိပ်မရှိနိုင်သလို ယူနိုက်တက်ကစားသမားတွေနဲ့ ဓာတ်တည့်တဲ့အင်တာမီလန်အသင်းဟာ မာစီယဲလ်ကို မရမကခေါ်သွားနိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။

SportsGaber

Unicode





SportsGaber