Celebrity Local News

၈၈၈၈အထိမ်းအမှတ်နေ့လေးမှာ PDFရဲဘော်တွေနဲ့အတူ အခမ်းအနားကျင်းပပြီး အားပေးစကားပြောခဲ့တဲ့ နိုဗန်ထူး

၈၈၈၈အထိမ်းအမှတ်နေ့လေးမှာ PDFရဲဘော်တွေနဲ့အတူ အခမ်းအနားကျင်းပပြီး အားပေးစကားပြောခဲ့တဲ့ နိုဗန်ထူး

လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အ တူ အမှန်တရားဘက်ကနေ ရပ်တည်ကြတဲ့အဆိုတော်တွေထဲမှာဆိုရင် နိုဗန်ထူးတစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။

လမ်းပေါ်ထွက်ဆန္ဒပြမှုတွေကိုလည်း နေ့စဉ်ရက်ဆက်လုပ်ခဲ့တဲ့ နိုဗန်ထူးဟာ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိမှာဆိုရင် လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ပညာသင်ယူနေတာဖြစ်ပါတယ်။

ယမန်နေ့ ဩဂုတ်လ (၈)ရက်နေ့ဟာဆိုရင်လည်း မြန်မာ့သမိုင်းမှာ အရေးပါလှတဲ့ ၈၈၈၈အရေးတော်ပုံ နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။

၁၉၈၈မှာလည်း ပြည်သူတွေဟာ စစ်အာဏာရှင်ကို အသက်သွေးချွေးတွေရင်းကာ တော်လှန်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၃၃နှစ်ရှိခဲ့ပြီပဲဖြစ်ပါတယ်…..။

နိုဗန်ထူးဟာလည်း ၈၈၈၈နှစ်ပတ်လည်နေ့ကို လွတ်မြောက်နယ် မြေက PDFရဲဘော်တွေနဲ့အတူ ပါ၀င်ဆင်နွှဲခဲ့ပြီး အားပေးစက ားပြောကာ ကဗျာရွတ်ဖတ်ခဲ့တယ်လို့ သိရပါတယ်။

နိုဗန်ထူးရဲ့ Facebookစာမျက်နှာမှာလည်း လက်ရှစ်ချော င်း Campaignကို PDFရဲဘော်တွေနဲ့အတူပြုလုပ်ကာ ပါ၀င်ဆင်နွှဲခဲ့တဲ့ပုံကို တင်ထားခဲ့တာလည်းတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
#Crd







#Crd