Sports

ပေါ့ဘာကို ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ တောင်းဆိုခဲ့တဲ့ သရဲနီပရိတ်သတ်များ


ယူနိုက်တက်အနေနဲ့ ပေါ့ဘာကို ၂၀၁၆အပြောင်းအရွေ့မှာ ဂျူပင်တပ်စ်ကနေ ပေါင်၈၉သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ယူနိုက်တက်မှာ သူရှိတာ ခြောက်နှစ်ပြည့်မြောက်ခဲ့ပြီဘဲဖြစ်ပါတယ်။ ယူနိုက်တက်မှာ အလွတ်နဲ့ ဂျူဗင်ကို အလွတ်နဲ့ ပြောင်းသွားပြီး တစ်ကြော့ပြန် ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့အတူ ပေါ့ဘာက ပွဲပေါင်း ၂၀၆ပွဲ ကစားထားပြီး ၃၈ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၄၂ကြိမ်အထိ ရှိခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အမှတ်တရကောင်းအချို့ရှိနေတဲ့ ပေါ့ဘာကိုတော့ ပရိတ်သတ်တွေက သံယောဇဉ်တွယ်နေခဲ့ပါပြီ။ပေါ့ဘာကတော့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပါတယ်။

ပေါ့ဘာရယ့် ဇနီးတင်ထားတဲ့ ig က postအောက်မှာ ပရိတ်သတ်တွေရယ့် commentတွေကတော့ ဝုန်းဆန်နေခဲ့ပါတယ်။ ထို့အပြင် ဆိုရှယ်မီဒီယာတိုင်းမှာတော့ ပေါ့ဘာကို စာချုပ်ချုပ်ဆိုပြီး သက်တမ်းတိုးဖို့ တောင်းဆိုမှုတွေ ပြင်းထန်ခဲ့ပါတယ်။

ဒါတွေကို ပေါ့ဘာတစ်ယောက် မြင်နိုင်မယ်လို့ ထင်ရပါတယ်။ ပေါ့ဘာကို့ ချစ်တဲ့ ယူနိုက်တက်ပရိတ်သတ်တွေရယ့် အလိုကို လိုက်ပြီးစာချုပ်သစ်ချုပ်ဆိုပြီး ယူနိုက်တက်မှာရှိမလား စာချုပ်ကောင်အောင်ထိနေပြီး သစ်စိမ်းချိုး ချိုးပြီး နှုတ်ဆက်သွားမလားဆိုတာ စောင့်ကြည့်ရအုံးမှာပါ။

TSSoe