Sports

ဒါလော့ကို မြေတောင်မြှောက်ပေးတော့မဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ​ခြေစမ်းပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဒါလော့ရဲ့အနေအထားကြောင့် အေတီကိုညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူမဲ့အစီအစဥ်ကို နောက်ဆုတ်သွားဖို့ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

ယူနိုက်တက်အသင်းဟာ အင်္ဂလန်ကို ပြန်လာဖို့ ဆန္ဒပြင်းပြနေတဲ့ ထရစ်ပီယာကို ခေါ်ယူပြီး ၀မ်ဘစ်ဆာကာနဲ့ ညာနောက်ခံနေရာကို နေရာလုယှဥ်ပြိုင်မှုတွေပြုလုပ်ကာ အသင်းရဲ့လူစာရင်းပိုမိုတောင့်တင်းလားဖို့ ကြံရွယ်ထားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ မနှစ်က ဘောလုံးရာသီကလည်း တဲလက်စ်ကိုခေါ်ယူကာ လု့ခ်ရှောနဲ့ ဘယ်နောက်ခံနေရာအတွက် ပြိုင်ဆိုင်မှုတွေ ပြုလုပ်စေခဲ့ပြီး လု့ခ်ရှောရဲ့စွမ်းဆောင်ရည် ပိုကောင်းလာခဲ့တာကိုလည်း မျက်၀ါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။

အေတီကိုအသင်းဟာ စာချုပ်သက်တန်းကုန်ခါနီး၃၁အရွယ် ထရစ်ပီယာအတွက် ပေါင်သန်း၃၀လောက်ထိ တောင်းဆိုနေတဲ့အတွက် ယူနိုက်တက်အဖို့ ၀ယ်ယူဖို့ လက်တွန့်ခဲ့ရပြီး တက်လမ်းတွေ အများကြီးရှိနေသေးတဲ့ အသက်၂၂အရွယ်ဒါလော့ကိုပဲ နေရာပေးဖို့ ဆုံးဖြတ်နေပါတယ်။

ဒါလော့ဟာ အေစီမီလန်အသင်းကို ပြီးခဲ့တဲ့ရာသီက အငှါးထွက်ကစားတုန်းကလည်း ပြိုင်ပွဲစုံ ၃၃ပွဲထိကစားခွင့်ရခဲ့သလို ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းရဲ့လူစာရင်းမှာ ပါ၀င်ခွင့်ရခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ဒီနှစ်ရာသီမှာလည်း ဒါလော့ကို ပြန်လည်အငှါးခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိနေပေမဲ့ ယူနိုက်တက်အသင်းဘက်ကတော့ ထရစ်ပီယာကို အရဲစွန့်စျေးကြီးပေးရမဲ့အစား ဒါလော့ကိုပဲ မြေတောင်မြှောက်ပေးဖို့ကြံရွယ်ကာ အသင်းမှာပဲ ဆက်ထားဖို့စီစဥ်သွားဖို့ရှိပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Sports Gaber