ပန်ဆယ်လို လှူဒါန်းပေးတဲ့ရိက္ခာတွေ ဘေးမသီရန်မခရောက်ရှိလာတာကြောင့် ပျော်ရွှင်နေကြတဲ့ PDF ရဲဘော်လေးများ

အာဏာရှင်စနစ်ကို တော်လှန်ဖို့အတွက်ပြည်သူတွေဟာ ရရာနည်းလမ်းကနေတော်လှန်နေကြတာဖြစ်ပါတယ်။ “ပြည်သူ့ကာကွယ်ရေးတပ် PDF” အဖွဲ့ထဲ၀င်ကာ စစ်ပညာသင်ယူနေကြတဲ့ ရဲဘော်တွေရှိသလို PDFအတွက် လိုအပ်တာမှန်သမျှ ကူညီလှူဒါန်းပေးနေကြတဲ့ ပြည်သူတွေလည်း များစွာရှိနေပါတယ်။

ဒါ့ပြင် မြေပြင်ကနေလည်း ပြောက်ကျားသပိတ်တွေဆင်နွှဲကာ ဆန္ဒပြကြွေးကြော်နေကြတဲ့ ပြည်သူတွေလည်း အများအပြားရှိတာ တွေ့ရပါတယ်။

PDF ရဲဘော်တွေအတွက်လည်း လိုအပ်ချက်တွေဟာ များစွာရှိနေတာပါ။ ရိက္ခာ၊ အ၀တ်အစား ဆေးဝါးတွေအပြင် တခြားသောလိုအပ်ချက်မျိုးစုံလည်းရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ်ထူကိုယ်ထ ကူညီနေကြရတာဖြစ်ပါတယ်။ အခုလို ကူညီပေးနေတဲ့အထဲမှာဆိုရင် ပန်ဆယ်လိုတစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

ပန်ဆယ်လိုဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ကလောင်အစွမ်းနဲ့ အာဏာရှင်တွေကို ထိထိမိမိရေးသားနိုင်တဲ့သူပါ။ အခုအခါမှာလည်း PDFရဲဘော်တွေအတွက် ပန်ဆယ်လိုဟာ ရိက္ခာတွေ ပေးပို့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အခုလို ရိက္ခာတွေ ရောက်ရှိလာတာကြောင့် PDFရဲဘော်တွေလည်း အရမ်းပျော်ရွှင်နေကြပြီး ရိက္ခာတွေသယ်ယူနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit Myanmarload