Local News

သားငယ်လေးထောင်ထဲရောက်နေချိန်မှာ အောက်ဆီဂျင်အိုးနဲ့ အသက်ရှူနေရပြီး ရောဂါကိုအလူးအလဲခံစားနေရတဲ့မောင်လျှံဖြိုးအောင်ရဲ့ဖခင်

သူရဲကောင်းလေးမောင်လျှံဖြိုးအောင်ကတော့ ဇွန်လ (၇)ရက်နေ့ကတည်းက ဖမ်းဆီးခံလိုက်ရတာ ဒီနေ့အချိန်ထိပြန်မလွတ်သေးတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့မိသားစုဝင်တွေကလည်း သားငယ်လေးပြန်လွတ်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားပေမယ့် အချည်းနှီးဖြစ်နေသေးတာဖြစ်ပါတယ်။

ပြည်သူလူထုကတော့ အများအကျိုးအတွက်အနစ်နာခံခဲ့တဲ့ မောင်လျှံဖြိုးအောင်အတွက် တတ်နိုင်သလောက် ဝန်းရံကူညီပေးကြပြီး မိသားစုတွေရဲ့ခံစားချက်ကိုလည်း ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။

Photo Credit:Hlyan Phyo Aung’s Fb acc
Photo Credit:Hlyan Phyo Aung’s Fb acc

မောင်လျှံဖြိုးအောင်ရဲ့ ကျန်းမာရေးအခြေအနေကလည်း ဆေးကုသမှုလိုအပ်နေသေးတယ်လို့သိရပါတယ်။မိဘနှစ်ပါးကတော့ သားငယ်လေးတစ်ယောက် ထောင်ထဲမှာ ဘယ်လိုများနေရှာမလဲဆိုပြီး အစစအရာရာကို အရမ်းစိတ်ပူနေကြတာဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ မောင်လျှံဖြိုးအောင်ရဲ့ဖခင်က မကျန်းမာတာကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။အသက်ရှူမဝလို့လည်း အောက်ဆီဂျင်အိုးနဲ့အသက်ရှူနေရပြီး ရောဂါကိုတိုက်ထုတ်နေရတာပဲဖြစ်ပါတယ်။

Photo Credit:Hlyan Phyo Aung’s Fb acc
Photo Credit:Hlyan Phyo Aung’s Fb acc

ပြည်သူလူထုကလည်း မောင်လျှံဖြိုးအောင်ရဲ့ဖခင် အမြန်ဆုံးကျန်းမာလာပါစေ ဆိုပြီး ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။သားငယ်လေး လွတ်မြောက်ဖို့အတွက် ကြိုးစားနေချိန်မှာ ဖခင်ဖြစ်သူကပါ ကျန်းမာရေးမကောင်းတာကြောင့် မိသားစုဝင်တွေလည်း ပူပန်သောကရောက်နေရှာမှာပဲဖြစ်ပါတယ်။

သူရဲကောင်းလေးမောင်လျှံဖြိုးအောင်လည်း အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနဲ့အတူ နွေးနွေးထွေးထွေး ပြန်နေရပါစေလို့ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Hlyan Phyo Aung’s Fb acc
Photo Credit:Hlyan Phyo Aung’s Fb acc

Source&Photo Credit:Hlyan Phyo Aung’s Fb acc

Crd-myanmarload