သွားလာရခက်ခဲတဲ့ ရပ်ကွက်တွေအထိ ဆိုင်ကယ်ဘေးတွဲနဲ့ လိုအပ်တာတွေ ကိုယ်တိုင်လိုက်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

သွားလာရခက်ခဲတဲ့ ရပ်ကွက်တွေအထိ ဆိုင်ကယ်ဘေးတွဲနဲ့ လိုအပ်တာတွေ ကိုယ်တိုင်လိုက်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချော ခိုင်နှင်းဝေကတော့ ဒီနေ့မှာ အလံထောင်ထားတဲ့ အိမ်တွေကိုသွားရောက်ပြီးအစားအသောက်နဲ့ဆေးဝါးတွေလိုက်လံလှူဒါန်းပေးခဲ့ပါတယ်။ အလံထောင်ပြီး အကူညီတောင်းထားတဲ့ အိမ်ခြေ (၅၀)အတွက် တစ်အိမ်ကို ဆန် (၃)ပြည်၊အလှူငွေ (၁၀၀၀၀) ကျပ်၊ ဆေးသေတ္တာ များ သွားရောက်လှုဒါန်းပေးခဲ့ပါတယ်။

ဒီနေ့သွားရောက်လှူဒါန်းခဲ့တဲ့နေရာတွေက တစ်နေရာနဲ့တစ်နေရာ လမ်းကျဉ်းလေးတွေထဲသွားရတာကြောင့် ခိုင်နှင်းဝေက ခက်ခက်ခဲခဲသွားခဲ့ရပေမဲ့ ခိုင်နှင်းဝေကတော့ လိုအပ်နေတဲ့သူတွေထံကို သေချာလေးရောက်အောင် လှူဒါန်းပေးတတ်တဲ့သူဖြစ်တာကြောင့် သူကိုယ်တိုင် ဆိုင်ကယ်ဘေးတွဲလေးစီးကာလိုက်လံလှူဒါန်းပေးခဲ့ပါသေးတယ်။ နေမကောင်းဖြစ်နေကြတဲ့အတွက် အားငယ်ပြီး ငိုကြတဲ့ သူတွေကိုလည်း ကိုယ်တိုင် အားပေးစကားတွေပြောပေးခဲ့ပါသေးတယ်တဲ့။

ခိုင်နှင်းဝေကလည်း အခုလို ခက်ခက်ခဲခဲ လိုက်လံလှူဒါန်းပေးရပေမဲ့ အမှန်တကယ်လိုအပ်နေတဲ့ သူတွေအတွက် ကာလဒါနအလှူလေးမြောက်ခဲ့တာကြောင့် ပီတိဖြစ်နေခဲ့ပြီး (၇)ရက်သားသမီးစုပေါင်းလှူဒါန်းတဲ့ အလှူလေးဖြစ်တာကြောင့် သာဓုခေါ်ဆိုနိုင်ဖို့ ဝမ်းမြောက်ဝမ်းသာနဲ့ မျှဝေဖော်ပြထားခဲ့ပါတယ်။

ချစ်တဲ့ ပရိသတ်ကြီးရေ ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းေ၀ ရဲ့ အလှုူလေးအတွက်လဲ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Crd.. CeleZone
Source..Khine Hnin Wai
Unicode



Crd.. CeleZone
Source..Khine Hnin Wai