Sports

ချဲလ်ဆီးအသင်းနဲ့ ရရှိဖူးတဲ့ ဆုဖလားတစ်ခုကို မန်ယူအသင်းနဲ့ အတူ ကိုင်မြှောက်ချင်တယ်လို့ ပြောလိုက်တဲ့ မာတစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ 2017 ခုနှစ် တုန်းကသာ လိဂ် ဖလား ၊ ယူရို ပါလိဂ် ဖလားတွေကို ရရှိထားနိုင်ခဲ့ပြီး ဆိုးလ်ရှား လက်အောက်မှာတော့ ဖလားလက်မဲ့ ဘောလုံး ရာသီတွေပဲ ဖြတ်သန်ခဲ့ရ ပါတယ် ။

ယူနိုက်တက်အသင်းရယ့် ကွင်းလယ်လူမာတစ်ကတော့ သူတို့တစ်သင်းလုံး ဆုဖလားတွေရရှိဖို့ ခြေစွမ်းကော စိတ်ဓာတ်ကို အမြင့်ဆုံးမှာ ရောက်ရှိနေတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ ယူနိုက်တက်ရယ့် အဓိကလိုအပ်နေတာက ဆုဖလားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မာတစ်က ယူနိုက်တက်နဲ့အတူ ပရီးမီးယားလ်ဂ်ဆုဖလား ကိုင်ချင်တဲ့အကြောင်းကိုပြောခဲ့ပါသေးတယ်။ မာတစ်က ” ဆုဖလား တွေအောင်​မြင်ဖို့ ကျွန်တော်တို့အတွက်လိုအပ်တယ်။ ဒီအထဲမှာအရေးကြီးဆုံးအရာက ကျွန်တော်တို့ဆီမှာ တိုးတက်မှုရှိလာတာကို လူတိုင်းမြင်နိုင်ဖို့ နဲ့ ကျွန်တော်တို့ ရဲ့ကစားပုံတွေ ပိုပြီးကောင်းသထက် ကောင်းအောင်ကစားနိုင်ဖို့ပဲ။

နေရာတစ်ခုချင်းစီတိုင်း ကျွန်တော်တို့ဆီ မှာ ကစားသမား နှစ်ဦး ဒါမှမဟုတ်သုံးဦးရှိပါတယ်။ဒီနှစ် ဘောလုံးရာသီမှာတော့ ကျွန်တော်တို့အတွက် ပန်းတိုင်က တော့ ဆုဖလားအောင်​မြင်ဖို့ပဲ ဖြစ်တယ်။

ပရီးမီးယားလိဂ်ဆုဖလားဆိုတာ ကျွန်တော့်အတွက် အမြဲတမ်းအရေးပါတဲ့ ဖလားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို အကောင်း ဆုံးနှစ်သင်းမှာ ကစားရလို့ကျေနပ်ပါတယ်။ ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်ဖူးချင်ပါတယ်။တကယ်ဖြစ်လာရင်တော့ အရမ်းပျော်မှာပါ။ ” ဆိုပြီး ပြောခဲ့ပါတယ်။

TSSoe