၄၄လမ်းဖြစ်စဥ်အတွက် ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းသွားမယ်ဆိုတဲ့ လှိုင်သာယာ PDF

(Zawgyiဖြင့် ဖတ်ရန်)

၄၄ လမ်း ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် ဒလန်အား လှိုင်သာယာ PDF ကျည်ဆန်ဖြင့် သတိပေး

ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုအား ယမန်နေ့က စစ်ကောင်စီမှ ဝင်ရောက်အကြမ်းဖက်စီးနင်းစဉ်အတွင်း လူငယ် ၆ ဦး သေဆုံးခဲ့ရမှုတွင် အဆိုပါတည်နေရာအား စစ်ကောင်စီထံလမ်းညွှန်ကာ ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့်

သတင်းပေး (ဒလန်) အား အသက်အန္တရာယ် အာမခံမည်မဟုတ်ကြောင်း လှိုင်သာယာPDF က သတိပေးစာ ယနေ့ (ဩဂုတ် ၁၁ ရက်) ညနေပိုင်းက ထုတ်ပြန်လိုက်သည်။

လှိုင်သာယာPDF လူငယ်တဦးက ကျနော်တို့ ရဲဘော်ရဲဘက် ညီအစ်ကိုတွေရဲ့ အသက်အတွက် ကျနော်တို့ လက်စား ပြန်ချေမယ်။ သူတို့ သေဆုံးခဲ့ရတာက သတင်းတွေမှာ ဖော်ပြနေသလို ပြုတ်ကျတာ မဟုတ်ဘူး။ ခုန်ချခဲ့ရတာဗျ ဟု ပြောသည်။

လှိုင်သာယာPDFက သတင်းပေး (ဒလန်) ဆိုသူအား ကျည်ဆန် ၃ တောင့်နှင့်အတူ သတိပေးစာရေးကာ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပြီး ၄စာထဲတွင် ကောင်းကင်ပေါ်က ကြယ်က နောက်ဖေးလမ်းကြားမှာ တောက်မယ်လို့ မထင်ထားဘူး။

ကျနော်တို့ ကလေးတွေရဲ့ မိဘတွေ ငိုကြွေးသံက မင်းတို့အတွက် ကျည်ဆန် ဖြစ်စေရမယ်။ – ဒလန် လွတ်အောင်ပြေးထား။ မင်းကို စိန်ခေါ်တယ်။ မင်း မိသားစုပါ တွေ့အောင် ရှာပြမယ်။

ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လုပ်ပြမယ် ဟု ပါရှိကြောင်း တွေ့ရပါတယ်။ ၄၄လမ်းဖြစ်စဉ်မှာ ကျဆုံးသွားကြတဲ့ကလေးများအတွက်

ပြည်သူတွေရဲ့ ပူဆွေးဝမ်းနည်းသံဟာလည်း ကျယ်လောင်စွာ ထွက်ပေါ်လျှက်ရှိတာကိုလည်း လူမှုကွန်ယက်မှာ တွေ့မြင်ရပါတယ်။








