Sports

ပရီးမီးယားလိဂ်ရဲ့ အင်အား အတောင့်တင်းဆုံး အသင်း နှစ်သင်း အမည်ကို ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ် ကစား သမားဟောင်း ဖြစ်သူ ရီယို ဖာဒီနန်က လီဗာပူး နဲ့ အသင်းဟောင်း ယူနိုက်တက်တို့ဟာ မန်စီးတီး ၊ ချဲလ်ဆီး အသင်းတွေနဲ့ လူအင်အား ယှဥ်နိုင်တဲ့ အနေအထား တစ်ရပ်မှာ မရှိသေးကြောင်း သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် 2 နေရာမှာ ရာသီ ပိတ်သိမ်းနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ရမှတ် 12 မှတ် အထိ ခြားနားခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ နွေစျေးကွက်မှာ ဆန်ချိုကို ပေါင် 73 သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး ဗဟိုခံစစ် နေရာ အတွက် ရီးယဲ မက်ဒရစ် မှ ရာဖေးလ် ဗာရန်း နဲ့ ကြိုတင် သဘောတူညီမှု ရယူထားနိုင်ခဲ့ ပါပြီ ။ ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ တိုက်စစ်ရော ခံစစ်ပါ တောင့်တင်းသွားခဲ့ပါပြီ ။

ဒါ့ကြောင့် ဒီရာသီမှာ ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် ဖလားရော ချန်ပီယံလိဂ် ဖလားကိုပါ စိန်ခေါ် နိုင်စွမ်း ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ဖာဒီနန် ကတော့ အသင်းဟောင်းရော လီဗာပူးပါ မန်စီးတီး ၊ ချဲလ်ဆီး တို့လောက် အင်အား မတောင့်တင်းကြသေးကြောင်း သုံးသပ်သွားခဲ့လိုက်ပါတယ် ။

” မန်စီးတီး ၊ ချဲလ်ဆီး အသင်းတွေကို ဒီလိဂ်မှာ ရှိနေကြတဲ့ အသင်းတွေနဲ့ ယှဥ်ကြည့်လိုက်မယ်ဆိုရင် အဓိကကျတဲ့ ခြားနားချက်က အင်အားတောင့်တင်းမှု အတိမ်အနက် ပါပဲ ။ သူတို့ရဲ့ B အသင်းကို ကြည့်လိုက်ပါ ၊ သူတို့တောင် အမှတ်ပေးဖလားပြိုင်ပွဲမှာ ယှဥ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းတွေ ဖြစ်နေတယ်ဆိုတာ မြင်ရပါလိမ့်မယ် ”

” အကယ်လို့ ချဲလ်ဆီး အသင်းအတွက် တိုက်စစ်ပိုင်းမှာ (ရိုမီလူ) လူကာကူ ၊ (မေဆွန်) မောင့် နဲ့ (ကိုင်) ဟဗာ့ဇ် တို့ကို ထားပြီး ကစားစေမယ်ဆိုရင် သူတို့ရဲ့ အရံ တိုက်စစ် သုံးဦးက (တီမို) ဝါနာ ၊ (ခရစ္စတီယံ) ပူလီဆစ် နဲ့ (ဟာကင်) ဇီယက်ချ်တို့ ဖြစ်နေကြပါ လိမ့်မယ် ”

” ဒါက နမူနာပဲ ရှိပါသေးတယ် ။ လီဗာပူး အသင်းမှာ ဒီလို အင်အား တောင့်တင်းမှု မရှိပါဘူး ။ မန်ယူနိုက်တက်မှာလည်း ဒီလို အင်အား တောင့်တင်းမှု မရှိပါဘူး ။ ဒါက ရူးသွပ်ဖွယ်ရာ ပါပဲ ။ ပြီးတော့ အခြားအသင်းတွေနဲ့ ယှဥ်တဲ့ အခါ အဓိက ခြားနားချက် ပါပဲ ”

” လက်ရှိအချိန်မှာတော့ သူတို့နှစ်သင်းပဲ အခြားအသင်းတွေရဲ့ ခြေတစ်လှမ်း အသာမှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ မန်ယူနိုက်တက်တို့ အင်အား ဖြည့်တင်းဖို့ လိုအပ်နေပါသေးတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ယူနိုက်တက် တိုက်စစ်ကလည်း မခေပါဘူး ” လို့ ဖာဒီနန် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Credit – SM