ဆန်ချိုပါဝင်ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ လာမယ့်

တစ်ပတ်ကျရင် လိဒ်စ်အသင်းနဲ့ကစားမယ့် ၂၀၂၁-၂၂ ရာသီပရီးမီးယားလိဂ်

အဖွင့်ပွဲမှာ နာမည်ကျော်ကစားသမားဆန်ချိုကို အသုံးပြုဖို့ဆန္ဒရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ အင်္ဂလန်လူငယ်ကြယ်ပွင့်ဆန်ချိုကို

ပေါင်(၇၃)သန်းနဲ့ခေါ်ယူခဲ့ပြီး ဆန်ချိုဟာ အခုတစ်ပတ်အစောပိုင်းကတည်းက

ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်

လေ့ကျင့်နေပြီဖြစ်ပါတယ်။ ဆန်ချိုဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝ

ပြိုင်ပွဲဆင်နွှဲခဲ့တာကြောင့် အားလပ်ရက်ပိုရခဲ့တဲ့အတွက် ယူနိုက်တက်အသင်းရဲ့

ရာသီကြိုခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဆိုးလ်ရှားက လိဒ်စ်နဲ့ကစားမယ့်ပွဲမှာ

တိုက်စစ်ပိုင်းအတွက် မာစီယဲလ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဂရင်းဝုဒ်တို့နဲ့အတူ

ဆန်ချိုကို တွဲဖက်အသုံးပြုဖို့ဆန္ဒရှိနေတာပါ။ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ

နာမည်ကျော်ကစားသမားဟောင်းဗလင်စီယာ ဝတ်ဆင်ကစားခဲ့တဲ့

ကျောနံပါတ်(၂၅)ကို ဝတ်ဆင်ခွင့်ရခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ ဆန်ချိုကို

လိဒ်စ်နဲ့ကစားမယ့်ပွဲကျရင် ပွဲထွက်အဖြစ်အသုံးပြုမလား၊ လူစားဝင်

ကစားခိုင်းမလားဆိုတာတော့ မသိရသေးပါဘူး။

Zawgyi

ဆန္ခ်ိဳပါဝင္ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ လာမယ့္

တစ္ပတ္က်ရင္ လိဒ္စ္အသင္းနဲ႔ကစားမယ့္ ၂၀၂၁-၂၂ ရာသီပရီးမီးယားလိဂ္

အဖြင့္ပြဲမွာ နာမည္ေက်ာ္ကစားသမားဆန္ခ်ိဳကို အသုံးျပဳဖို႔ဆႏၵရွိေနပါတယ္။

ယူႏိုက္တက္အသင္းဟာ အဂၤလန္လူငယ္ၾကယ္ပြင့္ဆန္ခ်ိဳကို

ေပါင္(၇၃)သန္းနဲ႔ေခၚယူခဲ့ၿပီး ဆန္ခ်ိဳဟာ အခုတစ္ပတ္အေစာပိုင္းကတည္းက

ယူႏိုက္တက္အသင္းရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပါဝင္

ေလ့က်င့္ေနၿပီျဖစ္ပါတယ္။ ဆန္ခ်ိဳဟာ အဂၤလန္အသင္းနဲ႔အတူ ယူ႐ို-၂၀၂ဝ

ၿပိဳင္ပြဲဆင္ႏႊဲခဲ့တာေၾကာင့္ အားလပ္ရက္ပိုရခဲ့တဲ့အတြက္ ယူႏိုက္တက္အသင္းရဲ႕

ရာသီႀကိဳေျခစမ္းပြဲေတြမွာ မပါဝင္ႏိုင္ခဲ့ေပမယ့္ ဆိုးလ္ရွားက လိဒ္စ္နဲ႔ကစားမယ့္ပြဲမွာ

တိုက္စစ္ပိုင္းအတြက္ မာစီယဲလ္၊ ဘ႐ူႏိုဖာနန္ဒက္စ္၊ ဂရင္းဝုဒ္တို႔နဲ႔အတူ

ဆန္ခ်ိဳကို တြဲဖက္အသုံးျပဳဖို႔ဆႏၵရွိေနတာပါ။ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းမွာ

နာမည္ေက်ာ္ကစားသမားေဟာင္းဗလင္စီယာ ဝတ္ဆင္ကစားခဲ့တဲ့

ေက်ာနံပါတ္(၂၅)ကို ဝတ္ဆင္ခြင့္ရခဲ့ၿပီး ဆိုးလ္ရွားအေနနဲ႔ ဆန္ခ်ိဳကို

လိဒ္စ္နဲ႔ကစားမယ့္ပြဲက်ရင္ ပြဲထြက္အျဖစ္အသုံးျပဳမလား၊ လူစားဝင္

ကစားခိုင္းမလားဆိုတာေတာ့ မသိရေသးပါဘူး။

Credit – mdiarymm