Sports

လိဒ်နဲ့ပွဲစဉ်မှာ ကစားသမားကိုးဦးအထိ လွဲချော်နိုင်ချေရှိတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဒ် ပထမဆုံး ပွဲစဉ်အဖြစ် ဩဂုတ်လ 14ရက်နေ့မှာ လိဒ်အသင်းကို အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားရမှာဘဲ ဖြစ်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ယူနိုက်တက်ကစားသမား ကိုးဦးအထိ ဒီပွဲစဉ်ကို လွဲချော်မှာဘဲဖြစ်ပါတယ်။

ပထမဆုံးတစ်ယောက်ကတော့ ကာဗာနီဖြစ်ပြီး သူ့အနေနဲ့တော့ ဆိုးရှားလ်ရယ့် နားရက်ရှည်ပေးထားမှုကြောင့် မန်ချက်စတာကို နောက်ကျမှ ရောက်လာခဲ့ပါတယ်။ ယခုအချိန်မှာတော့ ကွာရန်တင်းကြောင့် လိဒ်နဲ့ပွဲစဉ်လွဲချော်မှာဘဲ ဖြစ်ပါတယ်။

ဒုတ်ိယ‌မြောက်ကတော့ နောက်ခံလူတဲလက်စ် ဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ တတိယမြောက်ကတော့ ရက်ဖို့ဒ်ဖြစ်ပြီး သူ့ရယ့် ခွဲစိတ်မှုက တစ်လကြော်ကြာ အနားယူရမှာပါ။ နောက်ထက်နှစ်ယောက်ကတော့ ကိုလံပစ်သွားပြိုင်တဲ့ ကစားသမားတွေဖြစ်တဲ့ ဘိုင်ယီ၊ ဒီယာလိုကလည်း နောက်ကျမှာဖြစ်တဲ့အတွက် လိဒ်နဲ့ ပွဲစဉ်လွဲချော်အုံးမှာပါ။

လင်ဂတ်ကတော့ လက်ရှိအချိန်ထိ ကိုဗစ်ဖြစ်နေတာကြောင့် သက်သာရယ့်လားဆိုတာ မသိရသေးတဲ့အတွက် လွဲချော်နိုင်ချေရှိပါတယ်။ ဂိုးသမားဟန်ဒါဆန်ကတော့ ကိုဗစ်‌နောက်ဆွဲတွဲ ခြေလက်ကိုက်ခဲတာတွေရှိနေတဲ့အတွက် လိဒ်နဲ့ ပွဲစဉ်ကိုလွဲချော်နိုင်ပါတယ်။ နောက်ဆုံးနှစ်ယောက်ကတော့ ဖီးဂျုံးလ်နဲ့ ပါရဲယားဖြစ်ပြီး သူတို့နှစ်ယောက်ကို ယူနိုက်တက်က ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

TSSoe