Sports

မာစီယဲလ်ကို အင်တာမီလန်အသင်းဆီ အပါမခံဘူးဆိုတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးအန်သိုနီမာစီယဲလ်အတွက် အင်တာမီလန်အသင်းရဲ့ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာ မဟုတ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။

အင်တာမီလန်အသင်းဟာ လူကာကူကို ချဲလ်ဆီးအသင်းဆီရောင်းလိုက်တာကနေရလာတဲ့ ပေါင်၉၇.၅သန်းထဲကအချို့နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ရုန်းကုန်နေရတဲ့ မာစီယဲလ်ကို ခေါ်ယူဖို့စဥ်းစားနေတာပါ။

အင်တာမီလန်အသင်းဟာ မာစီယဲလ်အတွက် ပေါင်သန်း၅၀လောက်နဲ့ စတင်ကမ်းလှမ်းဖို့ပြင်နေပေမဲ့ ယူနိုက်တက်ဘက်ကတော့ ယတိပြတ်ငြင်းဆန်သွားမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားကလည်း မာစီယဲလ်ကို အခွင့်အရေးပေးသွားဖို့ ရှိနေပါတယ်။

SportsGaber




SportsGaber