Local News

စစ်ကောင်စီ၏ ကြေးနန်းစာ ပေါက်ကြားပြီးနောက် ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်တွင် ” Accept NUG ၊ Reject Military”ပရိုဖိုင်ပြောင်းလဲထားသူ…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုမှာ အချိန်သုံးရက်အတွင်း ပါဝင်သူပေါင်း နှစ်သန်းကျော်ရှိနေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင် အားစု (General Strike Coordination Body – GSCB) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ယမန်နေ့ သြဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအထိ ဖေ့စ်ဘွတ်အကောင့် နှစ်သန်းကျော်ဟာ အဲဒီပရိုဖိုင်ကိုပြောင်းလဲပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်နေကြတာလို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့မှာပြုလုပ်မယ့် ၇၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုကိုယ်စားပြုမယ့် အစိုးရတစ်ရပ်အား ရွေချယ်ရန်ရှိနေသည့်အတွက် NUG ကို ထောက်ခံတဲ့အနေနဲ့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သွေးမအေးကြောင်း ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင် အားစု (General Strike Coordination Body – GSCB)အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“အဓိက ရည်ရွယ်တာက စက်တင်ဘာ ၁၄ရက်နေ့မှာပြုလုပ်မယ့် UNရဲ့ ထွေထွေညီလာခံအတွက်ရယ် နောက်ပြီးတော့ တောတွင်းမှာ သင်တန်းတက်နေသူတွေကိုလည်း ကျန်နေခဲ့သူတွေ သွေးမအေးသေးဘူးဆိုကို ပြချင်လို့လုပ်ဖြစ်ခဲ့တာပါ“လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင် အားစု (General Strike Coordination Body – GSCB)အဖွဲ့ဝင်တစ်ဦးက ပြောကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာဖော်ပြထားပါတယ်။

အဲဒီ အထွေထွေညီလာခံမှာ Credential Committee လို့ခေါ်တဲ့ ယုံကြည်ရတဲ့ကော်မတီ အလှည့်ကျ ကိုးနိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို အကြံပြုချက်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီကြံပြုချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက သဘောမတူခဲ့မှသာ အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးက မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

NUG နဲ့ စစ်ကောင်စီ တစ်ခုခုကို မြန်မာနိုင်ငံရဲအစိုးရအဖြစ် ရွေးချယ်မှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာမှာဖြစ်သလို နှစ်ဘက်စလုံးကို မရွေးချယ်ဘဲ ခုံအလွတ်အနေနဲ့ထားဖို့ ဆုံးဖြတ်တာမျိုးလည်းရှိနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

ယမန်နေ့(သြဂုတ်လ ၁၂ရက်)တွင် စစ်ကောင်စီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရဲတပ်ဖွဲ့များထံ ညွှန်ကြားထားသည့်ကြေးနန်းတစ်စောင်ပေါက်ကြားပြီးနောက် “Accept NUG ၊ Reject Military”ပရိုဖိုင်ပြောင်းလဲထားသူ ၂ဆ ကျော်အထိ တိုးလာကြောင်းလဲ သိရပါတယ်။

အဆိုပါ ကြေးနန်းစာအရပရိုဖိုင်ပြောင်းလဲထားသများမှ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ဟု ကြေညာထားတဲ့ NUG ကိုထောက်ခံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၂ (က) အရ အကြမ်းဖက်လုပ်ငန်းတွေကို ပြုလုပ်ဖို့ တိုက်တွန်းသူ၊ အားပေးအားမြှောက်ပြုသူ၊ ဝါဒဖြန့်နေသူတွေဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

Credit