Sports

ပရီးမီးယားလိဂ်ပွဲစဉ်(၁) ဘရန့်ဖို့ဒ်-အာဆင်နယ်ပွဲကြို

ဩဂုတ် ၁၃ ည ၁:၃၀
နောက်ဆုံးတွေ့ဆုံမှု/ အာဆင်နယ် ၃-၁ ဘရန့်ဖို့ဒ် (၂၀၁၈)

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အခြေအနေမလှခဲ့တာကြောင့် ဒီနှစ်ရာသီအတွက် အားခဲထားတဲ့ အာဆင်နယ်နဲ့ အာတီတာဟာ ပွဲစဉ်(၁) မှာ တန်းတက်ဘရန့်ဖို့ဒ်ကို အနိုင်ရရှိရေးအတွက် အထူးကြိုးစား ကစားပါလိမ့်မယ်။ အာဆင်နယ်က ပရိသတ်တွေမျှော်လင့်သလောက် ကစားသမား အင်အားဖြည့်တင်းနိုင်မှု မရှိခဲ့ပါဘူး။ လာကာဇက်ကို ထုတ်ရောင်းပြီး အေဘရာဟမ်နဲ့ အစားထိုးဖို့ ကြိုးစားရာမှာလည်း မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် ရှာကာအပါအဝင် အဓိက ကစားသမားအချို့ကိုတော့ အသင်းမှာ ဆက်ထိန်းထားနိုင်ပါတယ်။ ဂါဘရီယယ်၊ ပါတေးနဲ့ အန်ကီတာတို့ကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ပေမယ့် ပေါင်သန်း ၅၀ တန် ခံစစ်မှူး ဘန်ဝှိုက်ကတော့ အာဆင်နယ်မှာ ပါဝင်လာပါလိမ့်မယ်။

ပရီးမီးယားလိဂ်နဲ့ ၇၄ နှစ်ကြာ ကင်းကွာနေတဲ့ ပျားပိတုန်းလေးလို့ နာမည်ပြောင်ပေးခြင်းခံထားရတဲ့ ဘရန့်ဖို့ဒ်အသင်းဟာ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁) ကစားရတာဖြစ်လို့ ပရိသတ်တွေအတွက် ပျော်စရာတစ်ခု ဖန်တီးပေးနိုင်ရေး အထူးစိတ်ဓာတ်တက်ကြွနေပါလိမ့်မယ်။ ဒါပေမယ့် တန်းတက်အသင်းသစ်ကလေးအနေနဲ့ အာဆင်နယ်ဆီကနေ အမှတ်ဖဲ့ယူဖို့တော့ မလွယ်လောက်ပါဘူး။ အာဆင်နယ်ကပဲ ကပ်ပြီး အနိုင်ရသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်   ဘရန့်ဖို့ဒ် ၁-၂ အာဆင်နယ်

Credit -InarrJoural