“ အများနည်းတူ NUG Frame ပုံမချိန်းရတဲ့ အကြောင်းရင်းတစ်ခုကို ပွင့်လင်းမြင်သာစွာဖြင့် ဖွင့်ဟလိုက်တဲ့ မထက် “

ပရိသတ်ကြီးရေ အခုလတ်တလောမှာ အစိုးရသစ်တစ်ရပ်ကို ထောက်ခံအားပေးသူများမှ NUG Profile Frame တွေပြောင်းနေကြတာကို မြင်တွေ့ကြရမှာပါနော်။ ဒီ Frame ကိုတော့  စစ်တပ်ထောက်ခံကြသူများမှ လွဲ၍ ကျန်တဲ့အနုပညာရှင်တော်တော်များများ ပြောင်းခဲ့ကြပါတယ်နော်။

ဒီထဲမှာတော့ Makeup Arrist  မထက်ဟာ NUG Profile ပြောင်းဖို့ အခွင့်မသာခဲ့ပါဘူးနော်။ သူမဟာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ခံထားရတာကြောင့် အဝေးတစ်နေရာကိုရှောင်ပြေးခဲ့ဖူးပြီး ဒုက္ခအရမ်းရောက်ခဲ့ရတာကြောင့် ခံဝန်လက်မှတ်ထိုးပြီး နေအိမ်မှာ ပြန်နေထိုင်လျက်ရှိနေပါပြီနော်။

လူအများ ပြောင်းနေကြတဲ့ Profile ပြောင်းလိုက်ပါက အရင်လို ရှောင်ပြေးဖို့ အဆင်မပြေတဲ့အတွက် မချိန်းရတာဖြစ်တယ်လို့ မထက်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွင် တင်ထားပါတယ်နော်။ ကဲ ပရိသတ်ကြီးလည်း မထက်အပေါ်ကိုအထင်မမှားကြဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Credit