Sports

အူဘာမီယန်နဲ့ လာကာဇက် နှစ်ဦးစလုံးကို အာဆင်နယ်ရောင်းမည်

အာဆင်နယ်သည် ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် အူဘာမီယန်ကို ရောင်းထုတ်ရန် ပြင်ဆင်နေသည်။ အသက် ၃၂ နှစ်အရွယ်ရှိ အူဘာမီယန်သည် ကလပ်အသင်းခေါင်းဆောင်ဖြစ်သော်လည်း တိုက်စစ်မှူး၏ ဂိုးပေါက်ပျောက်နေခြင်းကို စိုးရိမ်သဖြင့် အာတီတာက ရောင်းထုတ်ရန် ပြင်ဆင်ခြင်းဖြစ်သည်။

အာဆင်နယ်သည် ပြီးခဲ့သည့်နှစ်က ၎င်းကို လုပ်ခလစာ ပေါင် ၃ သိန်းခွဲဖြင့် သက်တမ်းတိုးခဲ့သော်လည်း ယခုအခါ ၎င်းကိုရောင်းထုတ်ပြီး အသင်းကိုပြန်လည်တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဗြိတိန်သတင်းစာတစ်စောင်က ဖော်ပြသည်။

ဂါဘွန်လက်ရွေးစင် အူဘာမီယန်သည် အာဆင်နယ်နှင့် ပထမဘောလုံးရာသီနှစ်ခုတွင် ဂိုးပေါင်း ၆၀ သွင်းယူနိုင်သောကြောင့် ၂၀၂၀ စက်တင်ဘာတွင် ၎င်းကို ဈေးကြီးပေး၍ ၃ နှစ်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့်ဘောလုံးရာသီ၌ ဂိုးပေါက်ပျောက်နေပြီး ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ယခုနှစ် ရာသီအကြိုတွင် ခြေစမ်းပွဲ ၆ ပွဲစလုံး ပါဝင်ကစားခဲ့သော်လည်း တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသေးချေ။ အာဆင်နယ်က အသင်းမှ အသက် ၃၀ အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကိုလည်း ရောင်းထုတ်ရန် ပြင်ဆင်နေသည်။ လာကာဇက်နှင့် အူဘာမီယန်တို့ နှစ်ဦးစလုံးသည် ဘရန့်ဖို့ကို ရှုံးနိမ့်သည့်ပွဲတွင် ပါဝင်ကစားနိုင်ခြင်းမရှိချေ။

Credit