Sports

အဖွင့်ပွဲစဥ်မှာပဲ လိဒ်အသင်းကို ဂိုးပြတ်ချေမှုန်းပြီး ပြိုင်ဘက်တွေကို သတိပေးခဲ့တဲ့ မန်ယူ

ယူနိုက်တက်အသင်းဟာ လိဒ်အသင်းကို အိမ်ကွင်း အို့ထရတ်ဖိုဒ့်မှာ ငါးဂိုး တစ်ဂိုး ဆိုတဲ့ ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နောက်တန်းမှာ ဘစ်ဆာကာ၊ လင်ဒီလော့ဒ်၊ မက်ဂွိုင်းယား၊ လုခ်ရှော ကွင်းလယ်မှာ တော်မီနေး၊ ဖရတ်၊ ဘရူနို၊ တိုက်စစ်မှာတော့ ပေါ့ဘာကို ဘယ်တောင်ပံ၊ ညာတောင်ပံမှာ ဒန်နီရယ်ဂျိန်း၊ အထောင်မှာ ဂရင်းဝုဒ်တို့ ပွဲထုတ်ခဲ့ပါတယ်။

ဒီပွဲရယ့် အဓိကကျတဲ့ ကစားသမားနှစ်ဦးကိုပြပါဆိုရင် ပေါ့ဘာနဲ့ ဘရူနို တို့ နှစ်ယောက်ပါဘဲ။ ‌ဘရူနိုကို ပင်နယ်တီဘဲ သွင်းတတ်တယ်လို့ ဝေဖန်နေတဲ့ 19သင်း ပရိတ်သတ်တွေကို ဒီပွဲက အဆုံးသတ်စေခဲ့ပြီလိုပြောရမှာပါ။ ဒီပွဲက သွင်းဂိုးတွေဟာ သူ့ရယ့် ပထမဆုံး ယူနိုက်တက်အတွက် ဟတ်ထရစ်ဖြစ်သလို ဒီနှစ်ဘောလုံးရာသီရယ့် ပထမဆုံးသော ဟတ်ထရစ်လို့တောင် ပြောလို့ရနေပါပြီ။

နောက်တစ်ဦးကတော့ ပေါ့ဘာပါ။ ပေါ့ဘာဟာ ယူနိုက်တက်မှာ မပျော်ရွင်တော့ဘူးဆိုပြီး မီဒီယာတွေရယ့် ပြောဆိုမှုတွေ ခံခဲ့ရပါတယ်။ ထို့အပြင် PSGကို ပြောင်းရွေ့မယ်လို့တောင် သတင်းကြီးနေပါသေးတယ်။ ဒီအသံတွေကို တိတ်နိုင်အောင်လုပ်တာ ပေါ့ဘာ တစ်ယောက်ဘဲ ရှ်ိတယ်ဆိုတာ အမှန်ပါ။

ပွဲချိန် ၁၂မိနစ်မှာပဲ ဂိုးသမားနဲ့တစ်ယောက်ချင်းရင်ဆိုင်တွေ့တဲ့အပိုင်အခွင့်အရေးမျိုးကိုရခဲ့ပေမယ့် Pogba ရဲ့ အဆုံးသတ်က ညံ့ဖျင်းလွန်းခဲ့တာကိုတွေ့ရပါတယ်။
Greenwood နဲ့ James ရဲ့အတွဲအဖက်ကနေတစ်ဆင်​့ James ဂိုးဧရိယာထဲပြေးဝင်သွားပြီးခင်းပေးခဲ့ပေမယ့် အရန်သင့်ပိတ်သွင်းမယ့်တိုက်စစ်မှုးမျိုး ရှိမနေခဲ့ပါဘူး။

ပွဲချိန် ၃၂မိနစ်မှာလည်း Shawberto Carlos နဲ့ Bruno တို့ရဲ့တစ်ချက်ထိတွဲလုံးကနေတစ်ဆင်​့ ရလာတဲ့အခွင့်အရေးကို Shaw အပြင်းကန်သွင်းခဲ့ပေမယ့် ဂိုးလွန်ဘောနဲ့သာအဆုံးသတ်သွားခဲ့ပါတယ်။

ပေါ့ဘာကတော့ ဂိုးဖန်တီးမှု လေးကြိမ်အထိပြုလုပ်ပေးခဲ့ပြီး ပထမဆုံး ဘရူနိုရယ့် သွင်းဂိုးကိုလည်း ပေါ့ဘာဖန်တီးပေးခဲ့ပါတယ်။ ဒုတိယပိုင်း ဂရင်းဝုဒ်ရယ့်သွင်းဂိုး၊ ဘရူနိုရယ့် ဒုတိယဂိုး၊ ဖရတ်ရယ့်သွင်းဂိုး ဒါတွေမှာ ပေါ့ဘာရယ့် ဂိုးဖန်တီးမှုကြောင့် ရလာတဲ့ ဂိုးတွေပါ။ ဘရူနိုရယ့် ဟတ်ထရစ်ရခဲ့တဲ့ တတိယမြောက်ဂိုးကိုတော့ နောက်ခံလူ လင်ဒီလော့ဒ်က ဖန်တီးပေးခဲ့ပါတယ်။

ဒုတိယပိုင်း 74မိနစ်အရောက်မှာ ပရိတ်သတ်တွေ အထူးမျှော်လင့်တောင့်တနေတဲ့ ဆန်ချို ၀င်ရောက်လာခဲ့ပါတယ်။ ပေါ့ဘာရယ့် နေရာကိုလည်း ဂတုံးလေး မာရှယ်၀င်ရောက်လာခဲ့ပါတယ်။ နောက်ပိုင်းတွေမှာ ယူနိုက်တက်က ကစားအားချခဲ့ပြီး ငါးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်ဖြင့် ယူနိုက်တက်တို့ ကျေနပ်ခဲ့ရပါတယ်။

ဘရူနိုရယ့် ဟတ်ထရစ်၊ ပေါ့ဘာရယ့် စံချိန်တင် ဂိုးဖန်တီးမှုတွေက ပရိတ်သတ်တွေ သဘောတွေ့မယ့် ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ သွင်းဂိုးများတာကြောင့် အခြားအသင်းတွေသာ ရဂိုးမများရင် ရာသီအစ အဆင့်တစ်မှာ ရပ်တည်ရအုံးမှာပါ။ ပထမဆုံးပွဲစဉ်သာ ဖြစ်သေးတာကြောင့် ယူနိုက်တက်အနေနဲ့ ခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်ရင် ဒီရာသီကတော့ ရင်ခုံစရာကောင်းမှာ အမှန်အကန်ဘဲ ဖြစ်ပါတယ်။

TSSoe