Sports

မှော်ဝင်ခြေစွမ်းတွေ ပြသကာ Hat-Trickသွင်းယူပြီးနောက် ဘရူနိုဖာနန်ဒတ်ရဲ့ ရင်ဖွင့်စကားများ

ဘရူနိုဖာနန်ဒတ်ဟာ ဒီနေ့ညမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး အသင်းအတွက်Hat-Trickသွင်းယူပေးနိုင်ခဲ့ပါတယ်။ဖာနန်ဒတ်-

” ရလဒ်အတွက် အရမ်းကို ပျော်ရွှင်ပါတယ်၊ ပရိတ်သတ်တွေကိုလည်း ကျွန်တော်တို့တွေ အရမ်းလွမ်းနေကြတာ။ အကြာကြီးစောင့်ခဲ့
တဲ့ ပရိသတ်တွေအတွက် ဒီလို ရလဒ်နဲ့ တကယ်ကိုထိုက်တန်ပါတယ်။

Paul ရဲ့ အရည်အသွေးကို လူတွေက မေးခွန်းထုတ်ပြီး ဆွေးနွေးနေကြပေမယ့် တကယ်တော့ ဒီကိစ္စက ဆွေးနွေးနေစရာကိုမလိုတာဗျ။ ဒီနေ့မှာ သူဘာလုပ်နိုင်တယ်ဆိုတာ ကောင်းကောင်းကြီး ပြသွားတာပဲ။ သူက ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်လာမှာပါ။

အသစ်ရောက်လာတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေကိုလည်း ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်၊ ဒါပေမယ့် အခုအသင်းကလည်း တကယ်ပဲ အရမ်းကိုကောင်းနေပြီးသားပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ အဲ့တာကို ပြသထားပြီးသားပါ။ ဆုဖလားတွေတော့ မရခဲ့ဘူးဆိုပေမယ့် အသင်းကတော့ တောင့်တင်းလာပါတယ် ”

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်း၏ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ်(၁)၌ ဟက်ထရစ်သွင်းယူသည့် ပထမဆုံးကစားသမားဖြစ်ခဲ့ပြီး၊ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင်မူ အဖွင့်ပွဲစဉ်၌သွင်းယူသည့် (၁၀)ကြိမ်မြောက် ဟက်ထရစ်ဖြစ်သည်။

ထို့ပြင် ဘရူနိုဖာနန်ဒက်ဇ်သည် နှစ်ပေါင်း (၄၃)နှစ်အတွင်း မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ (ယခင်အင်္ဂလန်ပထမတန်း) အဖွင့်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူသည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။

ယူနိုက်တက် ကွင်းလယ်လူ Bruno Fernandes ဟာတော့ သူ ယူနိုက်တက်အတွက် စတင်ပွဲထွက်ချိန်ကစ ပရီးမီးယားလိဂ်ရဲ့ ဘယ်ကစားသမားထက်မဆို ပိုမိုသာလွန်တဲ့ ဂိုးပါဝင်ပတ်သက်မှု ရှိထားသူ ဖြစ်ပါတယ်။ ၅၂ပွဲကစား ၂၇ဂိုးသွင်းပြီး ၁၉ဂုိးအထိ ဖန်တီးထားနိုင်ပါတယ်။

မန်ယူအသင်းဟာ မနှစ်က ပရီးမီးယားလိဂ်မှာ အဆင့် ၂နဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း ဗီလာရီးရဲကို ပင်နယ်သီနဲ့ ကပ်ရှုံးခဲ့တာကြောင့် ဆုဖလားတွေနဲ့ ကပ်တိုးလေးတွေ လွဲချော်ခဲ့ရပါတယ်။

ခရက် ဒစ်