Sports

အသင်းပြောင်းရွေ့ဖို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ လင်ဂတ်…

အသင်းပြောင်းရွေ့ဖို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ လင်ဂတ်…

လင်ဂတ်ကတော့  မန်ချက်စတာယူနိုက်တတ် မှာ ပျံသန်းရင်း တောက်ပဖို့ စိတ်ကူးထားတဲ့ ရက်အနည်းငယ်ချိန်မှာဘဲ အမှားကို သိစေခဲ့တဲ့ အတွက် ပြန်လည်ဆုံးဖြတ်ချက် တစ်ခု ချမှတ် သွားခဲ့ပါတယ်..လက်ဂတ်အတွက် အခွင့်ရေး နည်းပါးလှတဲ့ ယူနိုက်တတ်မှာ ဆက်ရှိဖို့ဆိုတာ ဓားတောင်ကိုကျော်တာထပ် ခက်ခဲမယ်ဆိုတာ လက်ခံလိုက်တဲ့သဘောဖြစ်ပြီ ဝက်စ်ဟမ်းကိုပဲ ပြန်လည် ပြောင်းရွေ့ဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ် ယူနိုက်တတ်မှာ လင်ဂတ် ကျော်ဖြတ်ရမယ့် ကစားသမားတွေက ပေါများနေတဲ့အတွက် ဒီပြောင်းရွေ့မှုဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ပါပဲ။

လင်ဂတ် ဆုံးဖြတ်လိုက်တဲ့ ပြောင်းရွေ့မှုအနေနဲ့ သတင်းစကားကို သူငယ်ချင်း များ အသိမိတ်ဆွေများကို ပြောကြားခဲ့တာဖြစ်ပါတယ်၊ ဝက်စ်ဟမ်းကလည်း လာမည့် ရက်အနည်းငယ်အတွင်းမှာ တရားဝင် ကမ်းလှမ်းမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ၀က်စ်ဟမ်းမှာ အငှားကစားခဲ့စဉ်က ၁၆ပွဲလောက်ကစားပြီး ကိုး ဂိုးသွင်းကာ ဂိုးဖန်တီးမှု လေးကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။ ၀က်စ်ဟန်းကတော့ လင်ဂတ်ကို ခေါ်ယူဖို့ကြိုးစားတဲ့ ထိပ်ဆုံးက အသင်းတစ်သင်းဖြစ်ပြီ တီကိုအသင်းကလည်း ခေါ်ဖို့စိတ်ဝင်စားနေ တာဖြစ်ပါတယ်။

လောလောလတ်လတ်ပဲ ပြောခဲ့ဖူးတဲ့ ဆိုးလ်ရှား စကားများ…

နည်းပြဆိုးရှား -“လင်ဂတ် ပြန်လာပါပြီ။
သူက တောက်ပလွန်းခဲ့ပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်လိုစိတ် ရှိပါတယ်။

ပြီးခဲ့တဲ့ ရာသီအဆုံးမှာ သူ လုပ်ပြခဲ့တာတွေကမှ တကယ့် လင်ဂတ် အစစ်အမှန်ပါ။

တခါတရံ ကျနော်တို့ဆီမှာ နည်းဗျူဟာအရ ရွေးချယ်စရာ များများစားစား မရှိတတ်ပါဘူး။
လောလောဆယ်တော့ လင်ဂတ်က ကျနော်တို့ရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေပါတယ်။”

ယုံကြည်မှု အပြည့်နဲ့ ခြေစွမ်းပြနေတဲ့ လင်ဂတ်ကို အိုးထရတ်ဖို့ဒ်မှာ ဆက်မြင်လိုစိတ် ရှိ/မရှိ ဆိုတာ ပြောပြကြပါဦး။ ပြောခဲ့ပါတယ်။

လောလောလတ်လတ်ပဲ ပြောခဲ့ဖူးတဲ့ လင်ဂတ်စကားများ…

လင်ဂတ်

” ဝက်ဟမ်းမှာအငှားသွားကစားလိုက်တာဟာ ကျွန်တော့် ခြေစွမ်းကို ထိပ်ဆုံးပြန်တင်ပေးလိုက်သလိုပါပဲ။ ကွင်းထဲမှာပြေးလွှားကစားဖို့ကျွန်တော့်ဘက်က အမြဲတမ်းအသင့် ဖြစ်နေပါတယ်။ နောက်ပြီး ကြံ့ခိုင်မှုအပြည့်နဲ့ကစားဖို့ လည်း ကျွန်တော့်ဘက်က အသင့်ဖြစ်နေပါပြီး။ဝက်ဟမ်း ကို စရောက်တဲ့အချိန်ကစပြီး ကျွန်တော့်အနေနဲ့ ပုံမှန်ကစားခွင့်တွေရခဲ့ပါတယ်။ အကယ်လို့ ခင်ဗျာက အဲ့လို ပွဲစဉ်တွေဆက်တိုက် ကစားခွင့်ရရင် ကိုယ့်ကို ယုံကြည်မှု တွေရပြန်ရစေပါတယ်။

ကျွန်တော်နဲ့အတူ ဝက်ဟမ်းလည်း တောက်ပမှုရှိခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ပုံမှန်နေရာရောက်အောင်လို့လည်းကူညီပေးကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ဘက် ကလည်း အလုပ်တွေအများကြီး ကြိုးစားခဲ့ရပါတယ်။

ခြေစွမ်းတည်မြဲနေမှုက အရမ်းအရေးကြီးပါတယ်။ခင်ဗျာက ပုံမှန်ကစားခွင့်ရတဲ့အချိန်မှာ ကိုယ့်ရဲ့ပုံမှန်ခြေ စွမ်းကို ထိန်းသိမ်းနိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင် ဂိုးတွေ၊ ဖန်တီးမှုတွေ ပုံမှန်မလုပ်နိုင်ရင်လည်း ခင်ဗျာအတွက် အခက်အခဲတွေဖြစ်စေမှာပါ။ “