စပါယ်ရှယ် ကစားသမားနှစ်ဦးကိုအ​မွှမ်းတင်ဖော် ပြရင်း ..ဒါဟာ စစ်မှန်လှတဲ့ မန်ချက်စတာ ယူနိုက်တတ် အသင်းဟု ဆိုလ်ရှား ပြောကြား…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စနေနေ့ ညရဲ့ အစောဆုံး ပွဲစဥ် အဖြစ် လိဒ်စ် ယူနိုက်တက် အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဧည့်ခံ ကစားခဲ့ရပြီး ရာသီသစ် ပထမဆုံး ပွဲစဥ်ကို 5 – 1 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲနဲ့ ပရိသတ်တွေ ရှေ့မှောက် အကောင်းဆုံး ဖွင့်လှစ် ပြသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စူပါ စတား နှစ်ဦး ဖြစ်ကြတဲ့ ဘရူနို ဖာနန်ဒက်စ် နဲ့ ပေါလ် ပေါ့ဂ်ဘာ တို့က ကမ္ဘာ့ အဆင့် ကစားသမားတွေ ဖြစ်ကြောင်း သွင်းဂိုး 3 ဂိုး ၊ ဖန်တီးမှု 4 ကြိမ်နဲ့ သက်သေ ပြသွားနိုင်ခဲ့ကြပါတယ် ။ ဒါ့ကြောင့် အခုပွဲက ပရိသတ်တွေ အတွက်တော့ အလှပေါ် အယဥ်ဆင့်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားက ဒါကသာ သူမြင်ချင်တဲ့ ၊ စစ်မှန်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်ကြောင်း၊ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကာဗာနီဆီ ရောင်းချခဲ့တာ ဖြစ်ကြောင်း ပြောလိုက်ပြီး သူ့ရဲ့ ခံယူချက်ကို ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

” ဒါမှ မန်ချက်စတာ ယူနိုက်တက် ၊ ဒါကမှ စစ်မှန်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းပါ ။ ကျွန်တော်ဟာ ဒီလိုပဲ မန်ချက်စတာ ယူနိုက်တက် အသင်းကို အီဒင်ဆန် (ကာဗာနီ) ဆီ ရောင်းချခဲ့တာပါ ။ ကျွန်တော် ​ပေးချင်တဲ့ ဥပမာက ခင်ဗျားလို ကစားသမားမျိုးဟာ ပရိသတ်တွေ ရှေ့မှာ တစ်ခါမှ မကစားပဲ ထွက်ခွာခွင့် ရမှာ မဟုတ်ပါဘူး ”

” ဒီပွဲက စီးကူးမှု ကောင်းခဲ့သလို တကယ့်ကို မှော်ဆန်တဲ့ပွဲ ဖြစ်သွားခဲ့ရ ပါတယ် ။ ဒါက ကစားသမားတွေ အတွက် အရမ်းကို အဓိပ္ပါယ် ရှိလှပါတယ် ။ ပရိသတ်တွေ ရှိနေတဲ့ ပတ်ဝန်းကျင်က ကျွန်တော်တို့ကို ခွန်အားတွေ ပိုမို ပေးနိုင်ခဲ့ ပါတယ် ။ ဒီလို ခွန်အားတွေကို team-talk တွေ ပြောရုံနဲ့ မရနိုင်ပါဘူး ”

” ကျွန်တော်တို့ ဒီနေ့ပွဲရဲ့ ဒုတိယပိုင်းမှာလိုမျိုး 4 ဂိုးအထိ သွင်းပြီး ပရိသတ်တွေ ရှိတဲ့ဖက် ပြေးသွားတဲ့ အရသာက ကမ္ဘာပေါ်မှာ ရရှိနိုင်တဲ့ အကောင်းဆုံး ဖီလင် တစ်ခုပါပဲ ။ နောက်ထပ် ကစားရမယ့် ပွဲစဥ်တွေဆိုတာ အမြဲတမ်းရှိနေဦးမှာပါ ။ ဒါပေမဲ့ အခုဟာက ခမ်းနားလွန်းတဲ့ စတင်ခြင်း တစ်ခုပါပဲ ”

” ဒါက ကျွန်တော့် အသင်းမှာ မြင်တွေ့ချင်နေခဲ့တဲ့ ကစားပုံပါပဲ ။ ပြိုင်ဖက်က လိဒ်စ် အသင်း မို့လို့ အခုလို ပြောနေရတာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ရဲ့ ကစားသမားတွေ တိုက်စစ်ဆင် ကစားတာ ၊ စွန့်စားမှုတွေကို လုပ်ဆောင်ပြကြတာ ၊ အခုလို အံဝင် ကြံ့ခိုင်နေတာမျိုး ကျွန်တော် မြင်ချင်ခဲ့တာပါ ။ ဒီထဲက အချို့ ကစားသမားတွေ ဆိုရင် 45 မိနစ်ထက် ပိုပြီးတောင် မကစားပေးကြရသေးပါဘူး ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ဆိုးလ်ရှားက အဖွင့်ပွဲမှာပဲ ဟတ်ထရစ် သွင်းယူပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ၊ တစ်ပွဲထဲ လေးဂိုး အထိ ဖန်တီးပေးသွားနိုင်ခဲ့တဲ့ ပေါလ် ပေါ့ဂ်ဘာ တို့ကို ဆက်ပြီး အမွှမ်းတင် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” သူ (ဘရူနို) က စွန့်စားမှုတွေကို လုပ်ဆောင်သူ တစ်ဦးပါ ။ သူဟာ ဒါကို အမြဲလို လုပ်ပြနိုင်ခဲ့ ပါတယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ယောက်ပါ ။ ခင်ဗျားဟာ ဒီအသင်းရဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်နေမယ်ဆိုရင် ယုံကြည်မှု ရှိဖို့ ၊ ဟိတ်ဟန် ရှိနေဖို့ ၊ စွန့်စားမှုတွေကို လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ် ။ သူ့ကို အခုလို တောက်ပစေဖို့ အသင်းသားအချို့လည်း ကောင်းလွန်းတဲ့ အခွင့်အရေးတွေ ဖန်တီးပေးခဲ့ကြ ပါတယ် ”

” ပေါ့ဂ်ဘာ ကလေးဘဝကတည်းက ကျွန်တော်ဟာ သူနဲ့ ခမ်းနားလှတဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ဖူး ပါတယ် ။ ဒီနေ့ကတော့ သူ့အတွက် ‘ သွား၊ ပျော်ရွှင်မှုတွေ ခံစားခဲ့ ‘ ဆိုတဲ့ ပွဲစဥ်မျိုး ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ဟာ သူ ဘောလုံး စိတ်ကြိုက် ကိုင်ပြီး လုပ်ချင်တာ လုပ်နိုင်မယ့် လွတ်လပ်ခွင့် အပြည့် ပေးခဲ့ကြ ပါတယ် ”

” အကောင်းဆုံး ကစားသမားတိုင်းက ကျွန်တော်တို့ဟာ သူတို့ကို ယုံကြည်ပါတယ်ဆိုတဲ့ ခံစားချက်မျိုး လိုချင်ကြပါတယ် ။ ပေါလ် ဆိုတာ ဘာမှမရှိတဲ့ အနေအထား တစ်ခုကနေ အလန်းစား အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်တဲ့ ကစားသမားမျိုးပါ ။ သူဟာ အရမ်း သန်မာလှ ပါတယ် ။ သူ့ရဲ့ ကြံ့ခိုင်မှု ထိန်းထားနိုင်တဲ့ ပုံစံကို ကျွန်တော် တကယ်ပဲ အထင်ကြီးမိပါတယ် ။ ဒါက သိပ်ကောင်းတဲ့ သင်္ကေတ တစ်ခုပါပဲ ” လို့ ဆိုးလ်ရှား က အမွှမ်းတင်သွားခဲ့လိုက် ပါတယ် ။

ခရက် ဒစ်