Celebrity

နာမည်ကြီးလူရွှင်တော် ဟား၅ကောင်အဖွဲ့ရဲ့ တော်လှန်ရေးအငြိမ့်…

နာမည်ကြီးလူရွှင်တော် ဟား၅ကောင်အဖွဲ့ရဲ့ တော်လှန်ရေးအငြိမ့်…

အောက်ဆုံးတွင် video linkပါသည်။

နာမည်ကြီးလူရွှင်တော် ဟား၅ကောင်အဖွဲ့ရဲ့ ဟဒယသပိတ်တော်လှန်ရေးအငြိမ့်ကို ဒီကနေ့ည ၈ နာရီမှာ PVTVနဲ့ D-Day Channelတွေမှာ ဓာတ်ရိုက်လိုက်လွှင့် တင်ဆက်တာလို့ သိရပါတယ်။

သဘာဝဘေး ရောဂါဘေး မင်းဆိုးမင်းညစ်ဘေးတွေကြောင့် ပြည်သူတွေမှာ အချိန်ပြည့်စိတ်သောကရောက်နေကြတဲ့အတွက် စိတ်ထွက်ပေါက်ဖြစ်စေမှာဖြစ်သလို၊ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ ပင်ပန်းလာကြသလို တစ်ချို့မှာ သွေးအေးကုန်ကြတာကို သွေးနွေးပေးမယ့် အစီအစဉ်လေးလည်းဖြစ်ပါတယ်။

ဟာသပညာဘက်မှာ ဖျော်ဖြေတင်ဆက်မှု့ အင်မတန်ထူးချွန်တဲ့ ဟားကောင်အဖွဲ့က စစ်အာဏာရှင်တို့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုချပြမလဲ၊ ပြည်သူတွေကို ဘယ်လိုတွေဖျောဖြေတင်ဆက်သွားမလဲဆိုတာ ရှု့စားကြည့်စေလိုပါတယ်။

စစ်အာဏာသိမ်းပီးနောက်ပိုင်း ပထမဆုံးပေါ်ထွက်လာတဲ့ ဖျောဖြေပွဲတစ်ခုဆိုလည်း မမှားပါ။ ဟား ၅ ကောင် အဖွဲ့မှာတော့ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဟားငါးကောင် အဖွဲ့ဟာဆိုရင်တော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ခဲ့ကြပီး ရတဲ့နည်းနဲ့ အာဏာရှင်ကိုဖြုတ်ချဖို့ လွတ်မြောက်နယ်မြေကို မိသားစုတွေစွန့်ခွာပီးထွက်လာခဲ့တာဖြစ်ပါတယ်။

တောင်ရှည်ပုဆိုးကိုင်တဲ့လက်တွေဟာ အခုတော့ သေနတ်ကိုင်တဲ့လက်တွေဖြစ်ခဲ့ရပါပီ…….

ဟားငါးကောင် ညီနောင်များရဲ့ “ဟဒယ သပိတ် တော်လှန်ရေးအငြိမ့်- အပိုင်း(၁)” ဖြစ်ပါတယ်။

နောက်ထပ် အပိုင်း(၂)၊ အပိုင်း(၃) စသဖြင့် ထပ်မံဖျော်ဖြေတင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

Video ကြည့်ရန်နှိပ်ပါ
https://www.facebook.com/110094237979379/posts/133849112270558/

Credit