Sports

၁၈ လကြာ ဂိိုးပေါက် ပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့ပြီ ဖြစ်တဲ့ မီဆွတ် အိုဇေးလ်

၁၈ လကြာ ဂိိုးပေါက် ပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့ပြီ ဖြစ်တဲ့ မီဆွတ် အိုဇေးလ်

မီဆွတ် အိုဇေးလ် ဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာပြီး တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပါတယ် ။ အိုဇေးလ် ဟာ ဒီနှစ် အစောပိုင်းမှာ အာဆင်နယ် နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းပြီး ဖီနာဘာချီ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်သွားခဲ့တာပါ ။

အိုဇေးလ် ဟာ ဒီရာသီ အစမှာတော့ ဖီနာဘာချီ အသင်း အတွက် ပထမဆုံး သွင်းဂိုး ကို ရရှိ ခဲ့ပြီ ဖြစ်ပါတယ် ။ မီဆွတ် အိုဇေးလ် ဟာ ဖီနာဘာချီ အတွက် ဂိုးမသွင်းနိုင်မှီမှာ ၁၈ လ ကြာ ဂိုးပေါက် ပျောက်နေသူ ဖြစ်ပါတယ် ။

ဂျာမန် ဂိုးဖန်တီးရှင် မီဆွတ် အိုဇေးလ် ဟာ တူရကီလိဂ် အဖွင့် ပွဲစဉ် ဖြစ်တဲ့ ဒီမာစပေါလ် နဲ့ ပွဲမှာ ဖီနာဘာချီ အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။ အိုဇေးလ် ဟာ ဒီမာစပေါလ် နဲ့ ပွဲမှာ ဖီနာဘာချီ အသင်း ခေါင်းဆောင် အဖြစ် ကစားခဲ့ပါတယ် ။

အိုဇေးလ် အတွက်တော့ ၂၀၂၀ ခုနှစ် ၊ ဖေဖော်ဝါရီ တုန်းက နယူးကာဆယ် အသင်းကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ အာဆင်နယ် အတွက် ဂိုးသွင်းယူ ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် သွင်းဂိုး ပြန်လည် ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

အိုဇေးလ် ဟာ ဒီမာစပေါလ် နဲ့ ပွဲ ဒုတိယပိုင်း စပြီး ၁၁ စက္ကန့်အကြာမှာပဲ ဘယ်ခြမ်း ကနေ ဖြတ်တင် ပေးပို့လိုက်တဲ့ ဘောလုံး ကို အသာအယာ ပိတ်သွင်းပြီး ဖီနာဘာချီ အတွက် အနိုင်ဂိုး သွင်းယူ ပေး ခဲ့ တာ ပါ ။ ပွဲအပြီးမှာတော့ အိုဇေးလ် ဟာ သူ့ရဲ့ ဆိုရှယ် မီဒီယာ အကောင့်မှာ ခုလို အသင်း ခေါင်းဆောင် အဖြစ် ဦးဆောင်ပြီး ဂိုးသွင်း နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိကြောင်း ရေးသား သွားခဲ့ပါတယ် ။

သွင်းဂိုး နှစ်ဂိုး အကြားက ကာလ အပိုင်း အခြား အတွင်းမှာ အိုဇေးလ် အတွက် အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပေါ် ခဲ့ပါတယ် ။ အိုဇေးလ် ဟာ အဆိုပါ ကာလအတွင်းမှာ အာဆင်နယ် အသင်းအတွက် ပွဲကစားခွင့် လုံးဝ မရတဲ့ အခိုက်အတန့် နဲ့ ကြုံတွေ့ ခဲ့ရပြီး သူ နှစ်သက်တဲ့ ဘောလုံး အားကစားနဲ့ ဝေးကွာ နေခဲ့ရပါတယ် ။

နည်းပြကြီး အာဆင်ဝင်းဂါး လက်အောက်မှာ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အိုဇေးလ် ဟာ အာတီတာ လက်အောက်မှာ ကစားခွင့် ပျောက်ဆုံး နေခြင်းကြောင့် တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ် ။

အိုဇေးလ် ဟာ ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာ အာဆင်နယ် အသင်း နဲ့ အတူ အက်ဖ်အေ ဖလား ၃ ကြိမ် ရယူ နိုင်ခဲ့ပြီး ပွဲပေါင်း ၂၅၄ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၇၇ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပါတယ် ။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မီဆွတ် အိုဇေးလ် ဟာ သူ့ရဲ့ ဖီနာဘာချီ ကစားသမားဘဝ ပထမဆုံး ရာသီဝက်မှာလည်း ၁၁ ပွဲ ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

Mesut Ozil vs Adana Demirspor 81 minutes played 1 goal 42 touches 21 accurate passes(80.8%) 1 key pass
3/5 long balls 2/5 ground duels won.

Credit – SM