International News

တောင်ကိုရီးယားနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေပူးပေါင်းပြီး အာဏာရှင်ကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့တဲ့ ပုံရိပ်တစ်ချို့

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တော်တော်လေးကို ကြိုးကြိုးစားစား ကူညီပေးကြပါတယ်။ တောင်ကိုရီးယားအစိုးရသာမက တောင်ကိုရီးယားပြည်သူတွေကပါ မြန်မာပြည်သူတွေရဲ့ အခက်အခဲကို ကိုယ်ချင်းစာပြီး လှူဒါန်းပေးကြတာတွေရှိသလို ကိုယ်တိုင်လည်း ပါဝင်ပြီးဆန္ဒထုတ်ဖော်တာတွေလုပ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁၅) ရက်နေ့မှာလည်း တောင်ကိုရီးယားနိုင်ငံ ဆူဝမ်မြို့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာပြည်သူတွေဖက်က အပြည့်အဝရပ်တည်တဲ့ တောင်ကိုရီးယားနိုင်ငံသားတွေစုပေါင်းပြီး ဆန့်ကျင်ဆန္ဒပြပွဲလုပ်ခဲ့ကြပါတယ်။

မြန်မာ့အရေးအတွက် အစိုးရရောပြည်သူပါ ပူးပေါင်းပြီး အားသွန်ခွန်စိုက်ကြိုးစားပေးနေတာကြောင့် ကိုရီးယားအာဏာပိုင်နဲ့ ပြည်သူတွေကို မြန်မာပြည်သူတွေက အမြဲကျေးဇူးတင်ပြီး ကျေးဇူးတင်ကြောင်းလည်း သတိတရပြောပေးခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ပေးပြီး ကျောင်းသားလူငယ်လေးတွေကပါ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလှူငွေလေးတွေ ကောက်ခံပေးကာ မြန်မာပြည်က စစ်ဘေးရှောင်တွေနဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းပေးကြတာ ကျေးဇူးတင်စရာပါ။

ကိုရီးယားနိုင်ငံ ဆူဝမ်မြို့ ဆူဝမ်ဘူတာအနီးမှာ လက်သုံးချောင်းထောင်ပြီး သူတို့ရဲ့ရပ်တည်ချက်ကို ဖော်ထုတ်ခဲ့ပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်

မြန်မာပြည်သူတွေဟာ ကိုရီးယားလူမျိုးတွေကိုကျေးဇူးတင်ကြောင်းနဲ့ တိုင်းတပါးရောက်နေတာတောင် မြန်မာ့အရေးကို မမေ့မလျော့ကြိုးပန်းနေဆဲဖြစ်တဲ့ မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Credit Myanmarload