Sports

ပေါ့ဂ်ဘာ တစ်ပွဲကို ဘယ်လောက်အထိ ဂိုးဖန်တီးပေးနိုင်စွမ်း ရှိနေလဲဆိုတာ ပြောပြလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်…

ပေါ့ဂ်ဘာ တစ်ပွဲကို ဘယ်လောက်အထိ ဂိုးဖန်တီးပေးနိုင်စွမ်း ရှိနေလဲဆိုတာ ပြောပြလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စနေနေ့ ညက အစောဆုံး ပွဲစဥ်အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ လိဒ်စ် ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 5 – 1 ဆိုတဲ့ ဂိုးပြတ် ရလဒ်နဲ့ ရာသီသစ်ကို အကောင်းဆုံး ဖွင့်လှစ် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် တို့အတွက် သွင်းဂိုး တွေကို ဘရူနို ဖာနန်ဒက်စ် ( 3 ဂိုး ) ၊ မေဆွန် ဂရင်းဝုဒ် နဲ့ ဖရက်ဒ် တို့က သွင်းယူ ပေးနိုင်ခဲ့ကြ ပါတယ် ။ ဒါ့အပြင် ပေါ့ဂ်ဘာက လေးဂိုး အထိ ဂိုးဖန်တီး ပေးသွားနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက် ပရိသတ်တွေနဲ့ သတင်း သုံးသပ်သူ တွေက ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ နှစ်ဦးကို အထူး ချီးကျူး သွားခဲ့ကြ ပါတယ် ။ ဒါ့အပြင် ပေါ့ဂ်ဘာကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားဖို့ တောင်းဆိုခဲ့ကြပါသေးတယ် ။

အခုတော့ MEN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ ယူနိုက်တက် တို့ရဲ့ ဟတ်ထရစ်ရှင် ဘရူနို ဖာနန်ဒက်စ် က ပေါ့ဂ်ဘာ ကောင်းသထက် ကောင်းလာဖို့ မျှော်လင့်နေကြောင်း၊ သူဟာ တစ်ပွဲကို 5 ဂိုး ၊ 6 ဂိုးလောက် ဖန်တီးပေးနိုင်စွမ်း ရှိသူ ဖြစ်ကြောင်း ချီးကျူးခဲ့လိုက် ပါတယ် ။

” တကယ့်ကို အံ့ဖွယ် ပါပဲ ။ ပေါ့ဂ်ဘာဟာ တစ်ကယ့်ကို ကောင်းမွန်စွာ ကစားပေးနိုင်ခဲ့ ပါတယ် ။ ဒါကို လူတိုင်းလည်း မြင်တွေ့ခဲ့ရ ပါတယ် ။ သူ အခုထက်ပိုပြီး ​ကောင်းသထက် ကောင်းလာဖို့ ကျွန်တော် မျှော်လင့် နေပါတယ် ။ သူဟာ ဒီထက်ပိုပြီး လုပ်ပြနိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ထင်တယ်လေ ”

” ပေါ့ဂ်ဘာဟာ တစ်ပွဲထဲမှာ ဖန်တီးမှု 5 ကြိမ် ၊ 6 ကြိမ်လောက် လုပ်ပေးနိုင်တယ်လို့ ကျွန်တော် သိနေပါတယ် ။ ပေါလ် က အရည်အသွေး ကောင်းပြီးသား ကစားသမား တစ်ယောက်ပါ ။ ကျွန်တော်တို့ အားလုံးဟာ သူ့အပေါ်မှာ ယုံကြည်မှု အပြည့် ရှိနေပြီးသားပါ ”

” အရည်ကြီးတဲ့ အချက်က အခုလို စွမ်းဆောင်ရည်တွေကို ပြသနေဖို့ ၊ အသင်းရဲ့ ကစားပုံ ပိုကောင်းအောင် ကူညီ ပေးနိုင်ဖို့ ပါပဲ ။ ပေါလ် က အဲ့တာတွေကို လုပ်ပြဖို့ ဒီမှာ ရှိနေတာပါလို့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က ပြောခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ စတင် ရောက်ရှိ ကတည်းက အခုထိ အသင်းအတွက် 29 ဂိုး အထိ သွင်းယူ ပေးထားနိုင်ခဲ့ ပါပြီ ။ အဆိုပါ အချိန်မှ အခုထိ သူ့ထက် ပိုမို ဂိုးသွင်းထားနိုင်သူ ဆိုလို့ တော့တင်ဟမ် ဟော့ စပါးမှ ဟယ်ရီကိန်း ( 30 ဂိုး ) တစ်ဦးထဲသာ ရှိနေပါတယ် ။

Credit – SM