Celebrity

“မျက်စိဝေဒနာ ခံစားနေရပြီး အရမ်းဒုက္ခရောက်နေတဲ့ လူကြမ်းသရုပ်ဆောင်ဦးဘဂျမ်း အတွက် သွားရောက်လှူဒါန်းခဲ့တဲ့ လူရွှင်တော်မိုးစက်”

“မျက်စိဝေဒနာ ခံစားနေရပြီး အရမ်းဒုက္ခရောက်နေတဲ့ လူကြမ်းသရုပ်ဆောင်ဦးဘဂျမ်း အတွက် သွားရောက်လှူဒါန်းခဲ့တဲ့ လူရွှင်တော်မိုးစက်”

ဩဂုတ်လ ၁၆ ရက်နေ့။

မျက်စိဝေဒနာ ခံစားနေရတဲ့ လူကြမ်းသရုပ်ဆောင်ဦးဘဂျမ်း အတွက် ဆေးဖိုးနဲ့ စျေးဖိုး ငါးသောင်းကျပ်ကို လူရွှင်တော်မိုးစက်က ယနေ့သွားရောက်ကန်တော့ခဲ့ပါတယ်။မိုးစက်က သူစျေးရောင်းလို့ရတဲ့ငွေထဲမှကန်တော့ခဲ့ရတဲ့အတွက် ပိုပြီး ပီတိဖြစ်မိပါတယ်လို့ပြောပြပါသည်။

အရင်အခေါက်ကလည်း ကိုဝေလုက လှူဒါန်းခဲ့ပါတယ်..

ကျွန်တော်တတ်နိုင်တာလေးတွေ တတ်နိုင်သလောက်လေးတွေအပြင် ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာရဲ့ ကျွန်တော်ရတဲ့ သာရေး နာရေးကူညီထောက်ပံ့ငွေ ခွဲတမ်းလေးကိုပါ ဉီးဘဂျမ်းအတွက်ကူညီလှူဒါန်းပေးခဲ့ပါတယ် ..ဦးဘဂျမ်းမို့

အနုပညာသမားမို့လူကြမ်းသရုပ်ဆောင်မို့အဲလိုတွေ မဟုတ်ပါဘူး…ကူညီပေးနိုင်မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့အကူအညီလာတောင်းကြတဲ့သူတွေရဲ့မျှော်လင့်ချက်လေးကို ဖြည့်ပေးချင်တဲ့ စိတ်ကြောင့်ပါ ကျွန်တော်က ကွက်လပ်ဖြည့်တဲ့ ဝေလု ပါ

( လောကသားတွေထဲကလူတွေ စာနာစိတ်နဲ့ ကူညီထောက်ပံ့ပေးချင်တဲ့သူတွေအတွက် ဉီးဘဂျမ်းဖုန်းနံပါတ်လေးပါ Ph ; 09 428170862 ) လို့ သူ့ရဲ့ လူမူကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။