အရူးမတစ်ယောက်ရဲ့ကလေးကိုခေါ်ယူမွေးစားမယ့်အကြောင်းကိုပြောပြလာတဲ့သရုပ်ဆောင်ခိုင်နှင်းဝေ

အရူးမတစ်ယောက်ရဲ့ကလေးကိုခေါ်ယူမွေးစားမယ့်အကြောင်းကိုပြောပြလာတဲ့သရုပ်ဆောင်ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ကလေးများရဲ့မေမေဆိုတဲ့အတိုင်းအခက်အခဲဖြစ်နေပြီးဒုက္ခရောက်နေကြတဲ့ကလေးငယ်များကိုခေါ်ယူပြီးသူမကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်၊ခိုင်နှင်းဝေကတော့ကလေးငယ်လေးများအဆင်ပြေဖို့အတွက်အဆောက်အအုံအသစ်ဆောက်လုပ်နေကြောင်းကိုလဲပြောကြားထားပါတယ်နော်။

ခိုင်နှင်းဝေကကလေးငယ်လေးများကိုကူညီရုံသာမကပဲအခက်အခဖြစ်နေကြတဲ့ပြည်သူများကိုလဲသူမကိုယ်တိုင်သွားရောက်ကြည့်ရှူပြီးလိုအပ်တဲ့စားနှပ်ရိပ်ခါများကိုလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်ခိုင်နှင်းဝေကရွာကစိတ်မနှံ့တဲ့မိခင်ကြီးကကလေးကိုမွေးဖွားပြီးထားခဲ့တဲ့အတွက်သူမကိုမွေးစားပေးဖို့အကြောင်းကိုပြောပြာလာခဲ့တာပဲဖြစ်ပါတယ်နော်။

ခိုင်နှင်းဝေကစိတ်မကောင်းစရာပါရှင်၊အမေကစိတ်မနှံ့ပဲဇရပ်မှာမီးဖွားပြီးထားခဲ့တဲ့အတွက်ရွာထဲမှလူများခေါ်ယူစောင့်ရှောက်ထားရတဲ့သားလေးကို ကျမဆီမွေးစားဘို့ပေးချင်ကြောင်းဆက်သွယ်လာပါတယ်၊သားလေးကတရက်သားပဲရှိပါသေးတယ်။

ကျမရဲ့Postကိုမြင်ပြီးသက်ဆိုင်သူများရှိပါကလာရောက်ဆက်သွယ်နိုင်ပါတယ်၊ရွာမှလူများကလဲအရမ်းရိုးသားပြီးကျမကိုယ်တိုင်လာခေါ်ပေးပါရန်အကူအညီတောင်းခံထားတဲ့အတွက်အမှန်တကယ်အုပ်ထိန်းသူမရှိကြောင်းမှန်ကန်ပါကခေါ်ယူမွေးစားပါမယ်ရှင်။

မော်လမြိုင်မုဒုံမြို့နယ်ဘက်ရွာလေးမှဖြစ်ပါတယ်ရှင်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

celethatin Credit








celethatin Credit