Sports

ရိုနာဒို ကို ခေါ်ယူမလား ဆိုပြီး မန်စီးတီး ထံ ကမ်းလှမ်းလိုက်တဲ့ ဂျော့ရှ် မန်ဒက်

ရိုနာဒို ကို ခေါ်ယူမလား ဆိုပြီး မန်စီးတီး ထံ ကမ်းလှမ်းလိုက်တဲ့ ဂျော့ရှ် မန်ဒက်

ရိုနာဒို ဟာ ယူဗင်တပ် အသင်းနဲ့ စာချုပ် သက်တမ်း ကျန်ရှိနေသေးသည့်တိုင်အောင် သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ က ငြိမ်သက်သွားခြင်း မရှိသေးပါဘူး ။ အစောပိုင်း ကာလမှာ ကတည်းက ယူဗင် နဲ့ လမ်းခွဲမယ့် သတင်းတွေ ထွက်ပေါ်ခဲ့သလို ၊ ပီအက်စ်ဂျီ ကလဲ မက်ဆီ ကို မခေါ်ယူခင် အချိန်က ရိုနာဒို ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ ဖူးပါတယ်။

ဒီမနက်မှာတော့ အီတလီ က နာမည်ကြီး အားကစား သတင်းစာစောင် တခု ဖြစ်တဲ့ Corriere Dello Sports မှာ အေးဂျင့် ဂျော့ရှ် မန်ဒက် က သူ့ကစားသမား ကို ခေါ်ယူမလား ဆိုပြီး မန်စီးတီး ထံ ကမ်းလှမ်းလိုက်တဲ့ အကြောင်း အကျယ်တဝင့် ရေးသား ဖော်ပြသွားခဲ့ ပါတယ်။

မန်စီးတီး ရဲ့ အနေအထား ကလဲ ပြိုင်ပွဲ ပေါင်းစုံ 3 ပွဲ ဆက်တိုက် ရှုံးနိမ့်ထားသလို ၊ သွင်းဂိုးလဲ တဂိုးမှ သွင်းယူနိုင်ခြင်း မရှိခဲ့တာကြောင့် ဂိုးသွင်းပေးမယ့် တိုက်စစ်မှုး တယောက် မဖြစ်မနေ ထည့်သွင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ရိုနာဒို ရဲ့ လက်ရှိ စာချုပ်ဟာ နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ၊ ပြောင်းရွှေ့ကြေး ယူရို သန်း 30 ဝန်းကျင် နဲ့ ကမ်းလှမ်းမယ် ဆိုပါက စီးရီးအေ ကလပ်ဖက်က လက်ခံပေးနိုင်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ကစားသမား ကိုယ်တိုင်ကလဲ သူ့ရဲ့ လက်ရှိ တနှစ် လုပ်ခ ယူရို သန်း 30 ရရှိနေတဲ့ ပမာဏ ကို လျှော့ယူပေးဖို့ ပြင်ဆင်ထားတဲ့ အကြောင်း သတင်းက ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ကာလ တခုအတွင်းမှာတော့ မန်စီးတီး ဟာ မက်ဆီ ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပြီး ၊ ရိုနာဒို ကို ပြောင်းလဲ ခေါ်ယူဖို့ စိတ်ဝင်စားရဲ့လား ဆိုတဲ့ အချက်ကတော့ သူတို့ သဘောထားအပေါ်မှာ မူတည်လျှက် ရှိနေပါတယ်။ အသင်း ရဲ့ ပုံရိပ်ကို တည်ဆောက်ချင်တာမျိုး ၊ ဥရောပ ပြိုင်ပွဲတွေ မှာ ဂိုးသွင်းပေးနိုင်မယ့် ကစားသမားမျိုး ရှာဖွေ နေတာ ဆိုရင် ရိုနာဒို ဟာ သူတို့ သတ်မှတ်ထားတဲ့ အဓိက စံနှုန်းတွေ နဲ့တော့ ကိုက်ညီမှု ရှိမှာပါ။

သို့သော် သူတို့ ရဲ့ အစီအစဉ် က စပါး တိုက်စစ်မှုး ဟယ်ရီ ကိန်း ကို ခေါ်ယူဖို့ ဦးစားပေးနေတာ ဖြစ်ပါတယ်။ ယူရို သန်း 150 အထိ ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ် ဆိုပေမယ့် ၊ လက်ရှိ အချိန်ထိတော့ တရားဝင် ကမ်းလှမ်းမှုတွေ ပေးပို့ခြင်း မရှိသေးပါဘူး။

ဟယ်ရီ ကိန်း ကိုယ်တိုင်ကလဲ မန်စီးတီး ကို ပြောင်းရွှေ့ဖို့ နောက်ကွယ်ကနေ ဖိအားတွေ ပေးနေတယ်လို့ ယုံကြည်ရသည့်တိုင်အောင် ၊ ဥက္ကဌ ဒန်နီရယ် လီဗီး ရဲ့ သဘောထားက ဘယ်လိုလဲ ဆိုတာ ဘယ်သူမှ ခန့်မှန်းနိုင်ခြင်း မရှိသေးပါဘူး။

မန်စီးတီး ဘက်က တိုက်စစ်မှုး တယောက် မဖြစ်မနေ လိုအပ်နေတဲ့ အနေအထားမျိုး ရောက်နေတာကြောင့် ၊ စပါး ဘက်ကလဲ ဒေါင်ကိုင်ကာ အပြောင်းအရွှေ့ ကို ရသလောက် ကစားသွားမလား ဆိုတာ စိတ်ဝင်တစား နဲ့ စောင့်ကြည့်ဖို့ ကောင်းပါတယ်။

သို့သော် အပြောင်းအရွှေ့ အနေအထားက မထင်မှတ်ထားတာတွေ ရုတ်ချည်း ပြောင်းလဲ သွားနိုင်တယ် ဆိုတာ ဝိုင်နယ်ဒမ် နဲ့ ဘာစီလိုနာ ၊ မက်ဆီ ရဲ့ စာချုပ်သစ် ကိစ္စတွေ က သက်သေခံလျှက် ရှိနေပါတယ်။

Credit – SM