Local News

ခြေထောက်တစ်ဖက်စီ မရှိကြတော့တဲ့ ဇနီးမောင်နှံ စားဝတ်နေရေးအခက်အခဲကြောင့် လှူဒါန်းပေးမယ့် အလှူရှင်လိုအပ်နေ…

လိူင်သာယာ စက်မူ့ဇုံ (၅) ဘေးမှာ တဲထိုးနေရတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ခြေထောက်တစ်ဖက်စီ မရှိကြတော့တဲ့အပြင် သားသမီးတွေလည်းများတာမို့ လတ်တလော စားဝတ်နေရေးအတော်လေး ခက်ခဲနေတဲ့အကြောင်း လူမှုကွန်ယက်ကနေတဆင့် အကူအညီတောင်းခံလာခဲ့ကြပါတယ်။

အလုပ်အကိုင်တွေလည်းရှားပါးတာကြောင့် ယခင်ကတည်းက မပြေလည်တဲ့ဘဝတွေဟာ တစ်နေ့တခြား ပိုပိုပြီးဆိုးဝါးလာခဲ့တာ စိတ်မကောင်းစရာပါ။

သူတို့ကိုကူညီလှူဒါန်းပေးမယ်ဆိုရင်အိမ်တိုင်ရာရောက် လိုက်ပြပေးမယ့်သူလည်း အသင့်ရှိပြီး လိုက်ပြပေးမယ့်သူကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့ ” 09267931479 ” ဆိုပြီး ဖော်ပြလာခဲ့ပါတယ်။ ဒီလိုကာလမှာဒီလိုကျပ်တည်းတဲ့ဘဝတွေရဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်းလက်တွဲကူရင်းနဲ့ပဲ ဖြည်းဆည်းပေးကြရမှာပါ။

ဆင်းရဲတာကြောင့် ဗဟုသုတမရှိဘဲ ကလေးတွေအများကြီးမွေးမိရင်းကနေ ပိုပြီးဒုက္ခတွင်းနက်နေကြတဲ့ သနားစရာမိသားစုတွေ ထုနဲ့ဒေးပါပဲ။

စက်မှုဇုံရဲ့ဘေးမှာ တဲလေးထိုးပြီး ဖြစ်သလိုနေရတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာ ကိုယ်တိုင်ရဲ့ ဝမ်းရေးထက် ကလေးတွေရဲ့ဝမ်းရေးကိုပိုပြီးအလေးထားတာကြောင့် အခုလိုအကူအညီတောင်းကြပုံပါပဲ။ နှစ်ယောက်လုံး ကလည်း အလုပ်အကိုင်တစ်ခုကို လျင်လျင်မြန်မြန်လုပ်ကိုင်နိုင်ဖို့ မစွမ်းသာတာကြောင့် အဆင်ပြေသလို ဖြတ်သန်းနေရတဲ့ပုံပါ။

အခုလိုကာလကြီးမှာ အဖက်ဖက်ကခက်ခဲနေကြတာကြောင့် ပြည်သူတွေကို ပြည်သူတွေကပဲ ကူညီလှူဒါန်းပေးကြဖို့ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Credit Myanmarload