ယူနိုက်တက်အတွက် ပြီးပြည့်စုံတဲ့အပြောင်းအရွှေ့ ဖြစ်သွားစေနိုင်မယ့် ကစားသမား နှစ်ဦးအမည်ကို ပြောပြလိုက််တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင်ကစားသ မားဟောင်း တဦးဖြစ်သူ ရီယို ဖာဒီနန်က အသင်းဟောင်းကို ကွင်းလယ် ကစားသမားသစ် တစ်ဦး ထပ်မံ ခေါ်ယူနေစေလိုပြီး ဒီအတွက် အဆင်ပြေနိုင်မယ့် ကစားသမား နှစ်ဦး အမည်ကို ထုတ်ဖော် ပြောပြ သွားခဲ့လိုက် ပါတယ် ။

ယခုနှစ် နွေစျေးကွက်ဟာဆိုရင် သြဂုတ်လ 31 ရက်​နေ့မှာ ပိတ်သိမ်းသွားဖို့ ရှိနေပြီး အဲ့တာ မတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်ခံစစ်ပိုင်း အတွက် အင်အား ဖြည့်တင်းမှု ပြုလုပ် သွားလိမ့်ဦးမယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေခဲ့ ပါတယ် ။

လက်ရှိ အချိန်အထိတော့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ဒေါ့မွန်အသင်းမှ တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ ဂျေဒန် ဆန်ချို နဲ့ ရီးယဲ မက်ဒရစ် အသင်းမှ နောက်ခံလူ ရာဖေးလ် ဗာရန်း တို့ကို ခေါ်ယူထားခဲ့ပြီ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် ကတော့ အေတီကို မက်ဒရစ် အသင်းမှ ကွင်းလယ်လူ ဆောလ် နီဂွက်ဇ် ကို ခေါ်ယူခြင်းက ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်စေနိုင်သလို ဝက်စ်ဟမ်း အသင်းမှ ဒီကလန် ရိုက်စ်ကို ခေါ်ယူခြင်းက ထူးကဲတဲ့ဖြည့်စွက်မှု ဖြစ်စေနိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့လိုက် ပါတယ် ။

” မှန်ကန်တဲ့ ကစားသမား တစ်ဦးကို ခေါ်ယူချင်မယ် ဆိုရင်တော့ မှန်ကန်တဲ့ စျေးနှုန်း တစ်ခုကို ပေးချေသွားရမှာပါပဲ ။ အိုလီ ဂန်နာ ဆိုးရှားဟာ နောက်ထပ် ကစားသမား တစ်ခုလောက် ခေါ်ယူသွားလိမ့်ဦးမယ်လို့ ကျွန်တော်ထင်နေမိပါတယ် ”

” ပြသနာက ဘယ်သူတွေ အဲ့ဒီမှာ ရှိနေသလဲ ဘယ်သူက ပိုပြီး သင့်တော်မလဲ ဆိုတာပါပဲ ။ ဆောလ် နီဂွက်ဇ် က ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်စေမှာပါ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ််တုန်းက သူဟာ ပေါင် သန်း 160 လောက် တန်ကြေးရှိခဲ့ပါတယ် ။ အခုတော့ ပေါင် သန်း 40 – 50 လောက် ဖြစ်နေပါပြီ ”

” အခုခေတ် ဘောလုံးအားကစား လောကမှာတော့ သူ့လို ချန်ပီယံလိဂ် ကစားခဲ့တဲ့ ကစားသမားမျိုးကို ဒီစျေးနဲ့ ရရှိတယ်ဆိုတာက တန်လွန်းတယ်လို့ ပြောလို့ ရနိုင်ပါတယ် ။ ကျွန်တော်က သူ့ရဲ့ ပရိသတ်ကြီး တစ်ဦးပါ ။ သူ့ကိုသာ ရနိုင်မယ်ဆိုရင် အရမ်းကို ကောင်းနေပါလိမ့်မယ် ”

” ပြီးတော့ ဒီကလန် ရိုက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်် အသင်းအတွက် ထူးကဲလွန်းတဲ့ ကစားသမား ဖြည့်စွက််မှု ဖြစ်စေနိုင်မယ်လို့ ကျွန်တော် တွေးမိပါတယ် ။ ကျွန်တော််ဟာ သူ့ရဲ့ ပရိသတ် တစ်ဦးလည်း ဖြစ်ပါတယ် ။ သူ ဆက်လက် တိုးတက်တာကို စောင့်ကြည့်ရတာ နှစ်သက်မိ ပါတယ် ”

” သူဟာ နွေတုန်းက အင်္ဂလန် အတွက်လည်း အရမ်းကို ကောင်းခဲ့ ပါတယ် ။ အကယ်လို့ ဝက်စ်ဟမ်း အသင်းသာ သူ့ကိုဆက်ပြီးထိန်းနိုင်မယ်ဆိုရင် အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် တွေးမိမှာပါ ။ သူ အသင်း ပြောင်းတာထက် ဝက်စ်ဟမ်းမှာ ဆက်ရှိတာ ပိုကောင်းနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ရီယို ဖာဒီနန်က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Credit – SM