မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ်

မောင်ယဿ ( သြဂုတ် ၁၇ )

မက်ဆီ ဘာစီလိုနာက ထွက်မယ်လုပ်တုန်းကနောက်ဆုံး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အချိန်မှာ ဝမ်းနည်းလွန်းလို့ ငိုမိတဲ့ ဗီဒီယိုဖိုင် ကို လူတိုင်းနီးပါး ကြည့်ဖူးပါတယ်။

သူက ပြောရင်း ဝမ်းနည်းလာလို့ မျက်ရည်တွေကျတဲ့ အခါ သူ့ရဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာရော်ကတ်ဇို က သူ့ကို မျက်ရည်တွေ နှပ်တွေသုတ်ဖို့အတွက် တစ်ရှုး တစ်ခု ထုတ်ပေးခဲ့ပါတယ်။

အခုတော့ အဲ့ဒိတစ်ရှုးက အွန်လိုင်းပေါ်မှာ ကန်ဒေါ်လာ ၁သန်း နဲ့ လေလံပစ်နေပါတယ်။ ဟီဘရူး လူမျိုးတွေရဲ့ အဆို တစ်ခုရှိပါတယ်။ လူတစ်ယောက်အတွက် အမှိုက်ဖြစ်ပေမဲ့ အခြားလူတစ်ယောက် အတွက် ရတနာဖြစ်သွားနိုင်ပါတယ်ဆိုတဲ့ အဆိုပါပဲ။

ဂျူးတွေက ကမ္ဘာ တစ်ဝှမ်းမှာ ကျူလီယာဆိုင် လို့ ခေါ်တဲ့ ရှေးဟောင်းပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ကလေးတွေဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာ အဲ့ဒိအဆိုအမိန့် အတိုင်း သွားခဲ့ကြတာပါ။

သူတို့က သူများတွေ အသုံးမလိုတဲ့ အမှိုက်တွေကို ဝယ်ယူသိမ်းဆည်းပြီး အသုံးလိုတဲ့ သူတွေကို ဈေးကြီးခေါ်ပြီး ရောင်းခဲ့ ကြတာပါ။

Business standard သတင်းဌာန ရဲ့ဖော်ပြချက်အရ အဲ့ဒိတစ်ရှုး ကို ကန်ဒေါ်လာ ၁သန်း နဲ့ ဈေး ဆိုင်ထားတယ်လို့ ဆိုပါတယ်။ မက်ဆီရဲ့ မျက်ရည်နဲ့ နှပ်တွေက အခုဆိုရင် ဒေါ်လာ သန်းနဲ့ ချီတန်သွားပါပြီ။

ရောင်းတဲ့သူက သူ့ရဲ့အကောင့်မှာ ဘယ်လိုတင်ထားလဲ ဆိုတော့ ဒီတစ်ရှုးမှာ မက်ဆီရဲ့ မျက်ရည်တွေ နှပ်တွေ ပါတဲ့အတွက် အဲ့ဒိက DNA( မျိုးရိုးဗီဇမျှဉ်) ကနေ မက်ဆီနဲ့ တူတဲ့ ကလုန်း (ကိုယ်ပွား ) တွေကို ဖန်တီးလိုတဲ့ သူအတွက် တောင်းတဲ့ ဈေးထက်အများကြီး တန်တယ်လို့ ဆိုလိုက်ပါတယ်။

မက်ဆီနဲ့ပတ်သက်ပြီး အသေးစိတ်ကလေးတွေ က အခုမှ ဈေးကွက် ဝင်ခဲ့တာမဟုတ်ပါဘူး။ သူ ငယ်ငယ်တုန်း က ဘာစီလိုနာကို ရောက်ခါစ စားသောက်ဆိုင်တစ်ခုမှာ လူတစ်ယောက်ကို လက်သုတ် ပုဝါ တစ်ခုမှာ အမှတ်တရ စာရေးပြီး လက်မှတ်ထိုးပေး ဖူးပါတယ်။

အဲ့ဒါကို သိမ်းထားတဲ့ ကာလီရက်ရှက် ဆိုသူက မှန်ဘောင် သွင်းပြီး အရောင်းအဝယ် လုပ်တာ ဒေါ်လာသန်းနဲ့ ချီရခဲ့ဖူးပါတယ်။ အဲ့ဒိစာထဲမှာ ဘာစီလိုနာက သူ့အတွက် ဘောလုံး ကလပ်တစ်ခု ထက် အများကြီးပိုပါတယ်လို့ ရေးခဲ့ဖူးပါတယ်။

REF: world of buzz
Photo: gulf today

Credit