Sports

ဂရင်းဝုဒ်ရဲ့ ပြောင်းလဲလာမှု တစ်ခုကို ရွန်းနီးနဲ့ ခိုင်းနှိုင်းလိုက်ပြီး ယူရိုပြိုင်ပွဲမှာသာ သူပါခဲ့ရင် အင်္ဂလန် အတွက် ဘာလုပ်ပေးနိုင်ခဲ့မလဲဆိုတာ ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း ဖြစ်သူ ရီယို ဖာဒီနန်ဟာ လိဒ်စ် ယူနိုက်တက် နဲ့ ပွဲစဥ်မှ မေဆွန် ဂရင်းဝုဒ် နဲ့ ​ပုံစံကို စောင့်ကြည့်ခဲ့ပြီးတဲ့နောက် သူ့ကို အသင်းဖော်ဟောင်း ဝိန်းရွန်းနီ နဲ့ ခိုင်းနှိုင်း သွားခဲ့လိုက် ပါတယ် ။

အသက် 19 နှစ် အရွယ် တိုက်စစ်မှူးလေးဟာ လိဒ်စ် ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ တိုက်စစ်မှူးအဖြစ် ပါဝင်ခွင့် ရရှိခဲ့ပြီး အသင်း အတွက် တိကျ ​ကောင်းမွန်တဲ့ ကန်ချက် တစ်ချက်နဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးထားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် ကွင်းလယ်လူနှစ်ဦး ဖြစ်ကြတဲ့ ပေါလ် ပေါ့ဂ်ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ဟာ ပွဲစဥ်ရဲ့ ဟီးရိုးတွေ ဖြစ်ခဲ့ကြပေမဲ့ ဖာဒီနန်ကတော့ တိုက်စစ်မှူးလေး ဂရင်းဝုဒ် ကို အဓိက ချီးကျူး သွားခဲ့လိုက်ပြီး အသင်းဖော်ဟောင်းနဲ့ ခိုင်းနှိုင်းသွားခဲ့လိုက် ပါတယ် ။

ဖာဒီနန် ကတော့ ဝိန်း ရွန်းနီ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စရောက် ကတည်းက ကာယပိုင်းအရ လူကြီး တစ်ဦးရဲ့ ဟန်ပန်အပြည့် ရှိခဲ့ကြောင်း ၊ အခုတော့ ဂရင်းဝုဒ် ဟာလည်း ခန္ဓာကိုယ် ထူးကဲ ပြောင်းလဲ လာပြီ ဖြစ်သလို လိဒ်စ် နဲ့ ပွဲစဥ်မှ အဆုံးသတ် စွမ်းရည်ကလည်း ပျော်စရာ ဖြစ်ခဲ့ရကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

” ဒီပွဲမှာတော့ ကျွန်တော်ဟာ အချို့ အရာတွေကို သိမြင်ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် ကန့်လန်ကာရဲ့ နောက်ကွယ်မှာ ယူနိုက်တက် အသင်းရဲ့ နည်းပြတွေ ပြောဆို ချီးကျူးနေကြတဲ့ အရာ အချို့က ကျွန်တော့် အတွက်တော့ အံ့အားသင့်နေစရာ မဟုတ်ရတော့ပါဘူး ”

” သူ့ (ဂရင်းဝုဒ်) ရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော် စီနီယာ အသင်းမှာလည်း မြင်တွေ့ရဖို့ စောင့်မျှော် နေခဲ့မိပါတယ် ။ သူ့ရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုက ထင်ရှားလာပါပြီ ။ သူ ဘာတွေ လုပ်ရမလဲ ဆိုတာကို ဂရင်းဝုဒ်ဟာ ကောင်းကောင််း သိနေသလို ပါပဲ ”

” ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဝိန်းရွန်းနီ စရောက်ခဲ့တုန်းက ယောကျာ်းကြီးတဦး ( ခန္ဓာကိုယ် သန်မာ ထွားကြိုင်းသူ ) ဖြစ်နေပြီးပါပြီ ။ မေဆွန် ဂရင်းဝုဒ်ကို ကြည့်ရှုလိုက်ပါ ၊ သူဟာ စီနီယာ အသင်းရဲ့ ပွဲထွက် ကစားသမား ဖြစ်နိုင်ဖို့ အတွက် လိုအပ်တဲ့ ပုံစံ တစ်ခုကို ဖန်တီးယူနေပါပြီ ”

” ဒီတပါတ်မှာတော့ သူနဲ့ ပတ်သက်လို့ ဂရေမီ ဆောင်းနက်စ် ပြောသွားခဲ့တာက တကယ့်ကို မှန်ကန်လှ ပါတယ် ။ သူဟာ ထူးကဲတဲ့ စွမ်းဆောင်ရည် ပြသ သွားခဲ့သူ တစ်ဦး ပါပဲ ။ အချို့သော လှုပ်ရှားမှု ၊ ဘောလုံး ကိုင်နိုင်မှု အရည် အသွေး ၊ ပြိုင်ဖက်တွေကို အရေးမလုပ်ပုံတွေက ကောင်းလှ ပါတယ် ”

” သူ့ရဲ့ အဆုံးသတ်စွမ်းရည်က တစ်ကယ့် joke တစ်ခုပါပဲ ။ အကယ်လို့ သူသာ ယူရို ပြိုင်ပွဲမှာ ပါဝင် နိုင်ခဲ့မယ်ဆိုရင် အင်္ဂလန် အသင်းအတွက် ထူးကဲတဲ့ အကျိုးသက်ရောက််မှု တခုခု လုပ်နိုင်ခဲ့မှာပါ ။ ဘယ်လို level မျိုးပဲ ရောက်နေပါစေ ၊ ဂိုးတွေ ဘယ်လို သွင်းရမလဲဆိုတာ သူကောင်းမွန်စွာ သိရှိနားလည်ထားပါတယ် ” လို့ ဖာဒီနန် က ​ချီးကျူးသွားခဲ့လိုက် ပါတယ် ။

Credit










Credit