Sports

တိုက်စစ်မှူးတွေနဲ့ တောင်ပံကစားသမားတွေသာ ရရှိဖူးတဲ့ ပရီးမီးယားလိဂ် ဆုတစ်ခုကို ဆွတ်ခူးဖို့ အစကောင်းနေတဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒတ်

Premier league သမိုင်းမှာ ဂိုးသွင်းဘုရင်ဆု ဖြစ်တဲ့ ရွှေဖိနပ်ဆုကို တိုက်စစ်မှူး နဲ့ တောင်ပံ ကစားသမားတွေကသာ ရရှိခဲ့ဖူးပါတယ် ။ ဒီရာသီမှာတော့ ဘရူနို ဖာနန်ဒက်စ် ဟာ အဖွင့်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီး ရွှေဖိနပ်ဆု အတွက် စိန်ခေါ်ပွဲကို စတင်လိုက်ပါပြီ ။

ဖာနန်ဒက်စ် သာ ဒီရာသီ ရွှေဖိနပ်ဆုကို ရခဲ့မယ်ဆိုရင်တော့ ကွင်းလယ်ကစားသမားတွေထဲက ပထမဆုံး ရယူနိုင်တဲ့သူ ဖြစ်လာမှာပါ ။ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကွင်းလယ်ကစားသမား လမ်းပတ်ရဲ့ တစ်ရာသီအတွင်း အများဆုံးသွင်းဂိုး ဖြစ်တဲ့ ၂၇ဂိုးကို ဖာနန်ဒတ်ဟာ ရောက်ရောက်ခြင်းမှာပဲ ၂၈ဂိုးသွင်းပြီး ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ကို ဖာနန်ဒတ်ရောက်ရှိလာတဲ့ ၂၀၂၀ခု နှစ်ကစပြီး ဂိုး+ဖန်တီးမှုမှာလည်း ဖာနန်ဒတ်က သွင်းဂိုး ၂၈+ဖန်တီးမှု ၁၈ဂိုးနဲ့ ဦးဆောင်နေပြီး ဟယ်ရီကိန်းကတော့ သွင်းဂိုး ၃၀+ဖန်တီးမှု ၁၄ခုနဲ့ ဒုတိယနေရာမှာ တည်ရှိနေပါတယ်။

မန်ယူအသင်းဟာ ပရီးယားလိဂ်ရဲ့ အဖွင့်ပွဲစဥ်မှာ လိစ်အသင်းကို ၅-၁ နဲ့အနိုင်ရှိပြီး ဖာနန်ဒတ်ဟာ Hat-Trickသွင်းယူနိုင်ခဲ့တဲ့အပြင် ပေါ့ဂ်ဘာဟာလည်း ၄ဂိုးအထိဖန်တီးနိုင်ခဲ့တာမလို့ မန်ယူအသင်းရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ဟာ အားရစရာကောင်းနေပြီး ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်နေပြီလို့ ပြသခဲ့ပါတယ်။

Sport evening