Local News

စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေး…

စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေး(အပြည့်စုံဖတ်ရန်နှိပ်ပါ)

သရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၂) မှ စစ်သား ၁၅ ဦးထက်မနည်း လက်နက်များနှင့်တကွ

သြဂုတ်လ ၁၇ ရက်ညက ထွက်ပြေးသွားကြောင်း စက်ရုံနှင့်နီးစပ်သည့် စိတ်ချယုံကြည်ရသော သတင်းရင်းမြစ်များအရသိရသည်။

“လက်နက်ပါသွားတယ်ဆိုတာ ၁၅ ယောက်လုံး အပြည့်ပါသွားတာလား။ တချို့တလေပါသွားတာလားတော့ မသိဘူး။

၁၅ ယောက်ထွက်ပြေးတာကတော့ ရာခိုင်နှုန်းပြည့်ကျိန်းသေတယ်။” ဟုသိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူများကိုနှိမ်နင်းရေးလုပ်ရန် ကပစ (၁၂) မှ စစ်ကူအနေဖြင့်

အယောက် ၃၀ ပေးရန် ညွှန်ကြားချက်ထွက်လာပြီးနောက် ထိုသို့ထွက်ပြေးသွားခဲ့ကြောင်း သတင်း ရင်းမြစ်က သိရပါတယ်။

ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ထိုစစ်လက်နက် ထုတ် ကပစ အမှတ် (၁၂) စက်ရုံကနေ စစ်ကောင်စီတပ်သား ငါးဦးထွက်ပြေးခဲ့သည့်အနက် နှစ်ဦးကို ပြန်လည်ဖမ်းမိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Source Mizzima