Sports

ပေါ့ဂ်ဘာကို ချီးကျူးခြင်း မရှိခဲ့တဲ့ လီဗာပူး ဂန္တဝင်ကို ပြန်လည်ထိုးနှက်လိုက်တဲ့ ယူနိုက်တက် ဂန္တဝင်<

မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်သူ ပေါလ် အင့်စ်က ပေါလ် ပေါ့ဂ်ဘာ ကို ချီးကျူးခြင်း မရှိခဲ့တဲ့ လီဗာပူး နောက်ခံလူဟောင်း ဂရေမီ ဆောင်းနက်စ်ကို ပြန်လည် ထိုးနှက် သွားခဲ့လိုက်ပါပြီ ။

ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ ရာသီ အဖွင့် ပွဲစဥ် အဖြစ် သရဲနီတို့ လိဒ်စ် ယူနိုက်တက် အသင်းကို 5 – 1 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်တုန်းက တစ်ဦးထဲ 4 ဂိုးထိ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ ဒါက တကယ့်ကို ချီးကျူးချင်စရာ စွမ်းဆောင်ရည် ပါပဲ ။

ဒါပေမဲ့ တော့တင်ဟမ် ဟော့ စပါး နဲ့ မန်စီးတီး ပွဲစဥ်မှာ သတင်း သုံးသပ်သူ အဖြစ် ရှိခွင့် ရခဲ့တဲ့ ဂရေမီ ဆောင်းနက်စ် က ပြင်သစ် လက်ရွေးစင်ကို ချီးကျူးခြင်း မရှိခဲ့ပဲ သူတို့တွေဟာ ပေါင်သန်း 100 တန် ကစားသမားဆီက ဒီလို စွမ်းဆောင်ရည် မျှော်လင့်ကြောင်း ပြောခဲ့ ပါတယ် ။

” ကျွန်တော်တို့ဟာ ပေါင်သန်း 100 တန် ကစားသမားဆီက ဖန်တီးမှု 4 ကြိမ် ဆိုတဲ့ စွမ်းဆောင်ရည် မျှော်လင့်ခဲ့ကြ ပါတယ် ။ ကျွန်တော်ကတော့ သူတို့တွေဟာ ဂျေဒန် ဆန်ချိုကို ပေါင် 73 သန်းနဲ့ ခေါ်ယူခဲ့တဲ့ အချက်ကို ပြောချင်မိ ပါတယ် ”

” ဒါက သူတို့ နောက်ပြန် ကြည့်တဲ့ အချိန် ဒါကို လုပ်သင့် လုပ်ထိုက်ခဲ့ရဲ့လား ဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်ကောင်း ဖြစ်သွားနိုင် ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မေဆွန် ဂရင်းဝုဒ် က ကစားသမားကောင်း တစ်ဦးပါ ။ အဆုံးသတ် ​ကောင်းသူ တစ်ဦးမို့လို့ ပါပဲ ”

” သူဟာ ထိပ်တန်းကစားသမား တစ်ဦး ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် တွေးပါတယ် ” လို့ ဂရေမီ ဆောင်းနက်စ် က ပေါ့ဂ်ဘာ ကို မချီးကျူးခဲ့တဲ့ အပြင် ဆန်ချိုကို ပေါင် 73 သန်း ပေးပြီး ခေါ်ယူခဲ့တဲ့ ယူနိုက်တက် တို့ကို မေးခွန်းပါ ထုတ်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် ကွင်းလယ်လူဟောင်း တစ်ဦးဖြစ််သူ ပေါလ် အင့်စ် က ဂရေမီ ဆောင်းနက်စ် အနေနဲ့ ပေါ့ဂ်ဘာ နဲ့ ပတ်သက်လို့ အခုလို စကားမျိုး ပြောစရာမလိုအပ်ကြောင်း ၊ ချီးကျူးထိုက်တဲ့ အရည်အသွေး ပြသခဲ့ချိန်မှာ ဘာလို့ အခုလို ပြောခဲ့တာလဲဆိုတာ နားမလည်ကြောင်း ပြန်လည် ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

” ဒါဟာ ရာသီသစ် တစ်ခု ၊ အသစ် စတင်ခြင်း တစ်ခု ၊ မန်ချက်စတာ ယူနိုက်တက် အသင်းသစ် တစ်ခု ဖြစ်နေပါပြီ ။ သူ (ပေါ့ဂ်ဘာ) ဟာ ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်သူ (လိဒ်စ် နဲ့ ပွဲမှာ) ဖြစ်ခဲ့ ပါတယ် ။ အဲ့လောက်ပြောပြီး ဒီစကားကို ဒီမှာတင် ရပ်တန့်လိုက်လို့ ရပါတယ် ”

” ပေါ့ဂ်ဘာ ဂုဏ်ထူးမှတ်နဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြနေတုန်း အကြင်နာမဲ့တဲ့ စကားတွေ ပြောဖို့ ကြိုးစားနေတဲ့ ဂရေမီ ဆောင်းနက်စ်ရဲ့ ​လေသံမျိုးတွေ ကျွန်တော်တို့ မလိုအပ််ပါဘူး ။ သူဘာလို့ ဒီလိုပြောခဲ့လဲဆိုတာကို ကျွန်တော်တော့ တကယ်ပဲ နားမလည်ပါဘူး ”

” မန်ချက်စတာ ယူနိုက်တက်ဟာ ထိပ်တန်း အသင်းတွေနဲ့ ယှဥ်နိုင်စွမ်းမရှိခဲ့လို ပေါ့ဂ်ဘာ အသင်းကနေ ထွက်ခွာဖို့ တွေးခဲ့တာပါ ။ ဒါကို နားလည်ပေးလို့ရပါတယ် ။ အခုချိန် ဟယ်ရီကိန်းလည်း တော့တင်ဟမ်မှာ ဒီလို အခိုက်အတန့် ကြုံတွေ့နေတယ်လေ ။ သူက ဖလားတွေ လိုချင်လို့ ဒီက ထွက်သွားချင်သူပါ ” လို့ ပေါလ် အင့်စ် က ဥပမာပေးရင်း ပြန်လည် ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

Credit – SM