Sports

နောက်ဆုံးရ အားကစားသတင်းများစုစည်းမှု

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ဟာ ပုခုံး ဒဏ်ရာ ခွဲစိတ်မှု ကနေ လျှင်မြန်စွာ သက်သာ လာပြီး မျှော်မှန်း ထားတဲ့ ရက်ထက် အများကြီး စောကာ ပြန်လည် လေ့ကျင့်မှု ပြုလုပ် နိုင်မယ်လို့ သတင်း ကြားသိရ ပါတယ် ။ မူလက အောက်တိုဘာ အထိ နားရ နိုင်တဲ့ ရက်ဖိုဒ့် ဟာ ယခုလ အကုန် မှာပဲ အသင်းကို ပြန်လည် ရောက်ရှိ လာပြီး လေ့ကျင့်မှု ပြုလုပ် နိုင်ဖွယ် ရှိလာခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဘယ်လ်ဂျီယံ ကလပ် ရိုင်ယန် အန်ဝပ် ကို ပြောင်းရွှေ့ သွားတဲ့ နိုင်ဂိုလန်း ကတော့ သူ ဟာ မနှစ် က အငှားထွက် ကစားခဲ့တဲ့ ကာဂလီယာလီ အသင်းရဲ့ ကတိမတည် ၊ သစ္စာ မရှိမှု ကို ခံစားခဲ့ရတာကြောင့် အင်တာမီလန် နဲ့ စာချုပ်ကို ဖျက်သိမ်းကာ ဘယ်ဂျီယံ ကို ပြန်လာခဲ့တာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

စီးရီးအေ ကလပ် နာပိုလီ အသင်းကတော့ ဘရာဇီး နောက်ခံလူ ဂျူအန် ဂျေဆူး ကို ၁ ရာသီ အငှား စာချုပ် နဲ့ ခေါ်ယူ ခဲ့တယ်လို့ သိရ ပါတယ် ။ ခံစစ်ဗဟို မှာရော ဘယ်နောက်ခံလူ အနေနဲ့ပါ ကစားနိုင်တဲ့ ဂျေဆူး ဟာ ဇွန်လ ၃၀ ရက်နေ့က ရိုးမား နဲ့ စာချုပ်ပြည့်ကာ အသင်းလက်မဲ့ ဖြစ်နေခဲ့သူ တဦး ဖြစ်ပါတယ် ။

ပြင်သစ် ကလပ် လိုင်ယွန် အသင်းဟာ ချဲလ်ဆီး ဘယ်နောက်ခံလူ အီမာဆင် ပယ်လ်မာရီ ကို အငှား နဲ့ ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ မာတင် အိုဒီဂတ် ကို အာဆင်နယ် အသင်းထံ ရောင်းချ ပြီးပါက ဟာလန်း နဲ့ ဘာပေ တု့ိ အနက်က တဦးဦး ကို ခေါ်ယူဖို့ အတွက် စီစဉ် ထားတဲ့ ငွေကြေး ပမာဏ ပြည့်စုံ သွားခဲ့ပြီလို့ သိရ ပါတယ် ။ ရီးရဲ ဟာ ဒီနှစ် ထဲမှာ ဗာရန်း ကို ရောင်းချ ထားခဲ့သလို ဟာခီမီ ၊ ရီဂွီလွန် ၊ အော်စကာ တို့ကို ရောင်းချမှု တွေကနေလည်း ယူရို သန်းပေါင်းများစွာ ရရှိ ထားခဲ့ ပါတယ် ။

ဒါပေမယ့် ရီးရဲ မက်ဒရစ် ရဲ့ ဘာနေဗျူး ကွင်းကို ပြုပြင် မွမ်းမံ နေမှု ကတော့ နှောင့်နှေး ကြန့်ကြာ နေပြီး မျှော်မှန်း ထားတဲ့ စက်တင်ဘာ ၁၂ ရက်နေ့ အမီ ပြီးစီး နိုင်ဖို့ မသေချာတဲ့ အခြေအနေ မှာ ရှိနေတယ်လို့ သိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြကြီး နူနို ဆန်းတိုစ့် ကတော့ တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ဝုဗ် နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပြန်လည် ပါဝင် ကစားနိုင်မလား ဆိုတဲ့ မေးခွန်း အပေါ် သူ သေချာ မသိနိုင်သေး ပါဘူးလို့ ပြောဆို ရှောင်လွှဲ သွားခဲ့ ပါတယ် ။

ဟယ်ရီကိန်း ဟာ စပါး တသင်းလုံး ယူရိုပါ ကွန်ဖရင့် လိဂ် ပွဲစဉ် အတွက် ပေါ်တူဂီ ကို ရောက်ရှိ နေစဉ် မှာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပြီး တဦးတည်း လေ့ကျင့်မှု ပြုလုပ် သွားခဲ့တယ်လို့ သိရ ပါတယ် ။

ဘရာဇီး ကလပ် ဖလာမင်ဂို အသင်းဟာ ချဲလ်ဆီး တောင်ပံ ကစားသမားလေး ကနေဒီ ကို တရာသီ အငှား စာချုပ် နဲ့ ခေါ်ယူ ခဲ့တယ်လို့ သိရ ပါတယ် ။ ကနေဒီ ဟာ ဘရာဇီး ကို မသွားရောက်ခင် မှာ ချဲလ်ဆီး နဲ့ ၂၀၂၃ အထိ စာချုပ် သက်တမ်း တိုးခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

ဖလာမင်ဂို ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဘရာဇီး ကွင်းလယ်လူ အန်ဒရေ ပါရဲရား ကိုလည်း အငှားနဲ့ ခေါ်ယူ နိုင်ဖို့ လုပ်ဆောင်နေပြီး မကြာခင် မှာ ကြေညာ သွားနိုင်ဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း ကတော့ ခံစစ်မှူး ရူဘင် ဒီယာ့စ် ကို တပတ် လုပ်ခ ပေါင် ၂ သိန်းခွဲ အထိ တိုးပေးပြီး စာချုပ်ရှယ် ချုပ်ဆိုဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် အသင်းဟာ ရှက်ဖီး ယူနိုက်တက် ဂိုးသမား အာရွန် ရမ်းစ်ဒဲလ် ကို ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရယူ နိုင်ခဲ့ပြီလို့ ဂျာနယ်လစ် ရိုမာနို က ဖော်ပြ သွားခဲ့ပါတယ် ။ ကလပ် အသင်း ၂ သင်း ဟာ ရမ်းစ်ဒဲလ် အတွက် ပေါင် သန်း ၃၀ နဲ့ သဘောတူညီ ခဲ့ကြတာ ဖြစ်ကာ ၄ နှစ် စာချုပ် ချုပ်ဆို သွားမယ်လို့ ကြားသိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ အာဆင်နယ် ရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ လိုင်ယွန် ကွင်းလယ်လူ ဟာဆန် အူဝါ ကို ကစားသမား အလဲအထပ် နဲ့ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာ ခဲ့တယ်လို့ သိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကစားသမား မားကိုစ့် လော်ရန်တေး ကတော့ အသင်းနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူးသစ် ဆာဂျီယို အဂွေရို က သူဟာ မက်ဆီ ရဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်မှာ မဟုတ်ဘဲ နံပါတ် ၁၉ ကို သာ ဝတ်ဆင် သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

Credit- SM