Sports

Super Sunday လန်ဒန် ဒါဘီ အတွက် ခန့်မှန်းချက်

အင်္ဂလန် နဲ့ အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်း ပေါလ် မာဆင် ဟာ ဒီရာသီ အဖွင့်ပွဲကို ကစား ခဲ့တဲ့ ချဲလ်ဆီး အသင်းရဲ့ ခြေစွမ်းကို အားရ နှစ်သက် ခဲ့ပြီး သောမတ်စ် တူချယ် ရဲ့ အသင်းဟာ ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး နဲ့ ဆင်တူလာပြီ လို့ သုံးသပ် သွားခဲ့ ပါတယ ။ ဒါ့အပြင် ချဲလ်ဆီး ရဲ့ လူငယ် စီမံကိန်း ကိုလည်း ချီးကျုး ခဲ့သလို မနှစ်က ထုတ်ပယ် ခံခဲ့ရတဲ့ နည်းပြ လမ်းပတ် ရဲ့ အရေးပါပုံ တွေကိုလည်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ လာမယ့် တနင်္ဂနွေ နေ့မှာ လန်ဒန် ဒါဘီ ပွဲစဉ် အဖြစ် မာဆင် ရဲ့ အသင်းဟောင်း အာဆင်နယ် နဲ့ ရင်ဆိုင် ကစားရမှာပါ ။ ဒီပွဲ အတွက် ချဲလ်ဆီး က ရေပန်းစား နေပေမယ့်လည်း မာဆင် ကတော့ ဘောလုံးမှာ ဘာမဆို ဖြစ်သွား တတ်ကြောင်းကို စပါး – မန်စီးတီး ပွဲစဉ် ကို ဥပမာပေးကာ ပြောဆို သွားခဲ့ ပါတယ် ။

“ချဲလ်ဆီး က သူတို့ ရောင်းထုတ် ခဲ့တဲ့ ကစားသမား တယောက်ကို အဲ့ဒိ တုန်းက ဈေးထက် ၃ ဆလောက် ပိုပေးပြီး ပြန်ခေါ် လိုက်ပါပြီ ၊ သူတို့ တွေးလည်း မတွေး ၊ ဂရုလည်း မစိုက်တော့ ပါဘူး ။ လူကာကူ ကတော့ လွန် ခဲ့တဲ့ ဆယ်နှစ်တုန်းက အဆင်သင့် မဖြစ်ခဲ့ပေမယ့် အခုအချိန် မှာတော့ သူက ချဲလ်ဆီး တိုက်စစ် အတွက် အဆင်သင့် ဖြစ်နေပါပြီ”

“သူဟာ ဒီရာသီမှာ ချဲလ်ဆီး ရဲ့ ပွဲကို ပြောင်းလဲ ပေးနိုင်တဲ့ ကစားသမား ဖြစ်လာ နိုင်ပါတယ် ။ ဒါကြောင့် ချဲလ်ဆီး တို့ ဘာကိုမှ ဂရုမစိုက်ဘဲ ငွေသုံးခဲ့တာပါ ။ မန်စီးတီး ကတော့ ဟယ်ရီကိန်း ကို ဝယ်ဖို့ လိုပါတယ် ။ မဟုတ်ရင်တော့ ဒီရာသီမှာ သူတို့ ပေးဆပ်စရာတွေ ရှိလာမှာပါ”

“ပဲလေ့စ် နဲ့ ပွဲက ချဲလ်ဆီး ခြေစွမ်းကို ကြည့်ရင်း မန်စီးတီး ကို သွားသတိရမိ ပါတယ် ။ သူတို့ ( ချဲလ်ဆီး ) ဟာ ပွဲကို လုံး၀ လွှမ်းမိုး ထားခဲ့ပြီး အမြင့်ဆုံး ခြေစွမ်း နဲ့ ကစားခဲ့ ကြတာပါ ။ လွန်ခဲ့တဲ့ နှစ်တွေ တုန်းက မန်စီးတီး သူတို့ အိမ်ကွင်းတွေမှာ ကစား ခဲ့သလိုပါပဲ ။ ဒီရာသီမှာ ချဲလ်ဆီး ဟာ အတော်ကြောက်ဖို့ ကောင်းလာမှာပါ”

“သူတို့ရဲ့ အကယ်ဒမီ ထွက်တွေ ကိုလည်း ပိုပြီး နေရာပေး လာပါတယ် ၊ အခု တမ်မီ အေဘရာဟမ် ဟာ ပေါင် ၃၅ သန်း တန်တဲ့ ကစားသမား ဖြစ်လာပါပြီ ။ သူ့ကို ရောင်းထုတ်ပြီး ချာလိုဘတ် ကို အကယ်ဒမီ ကနေ ခေါ်ပြီး နေရာပေး လိုက်ပါတယ် ၊ စနေနေ့ တုန်းက ကောင်လေးက ပုံစံကောင်း ပြနိုင်ခဲ့ပါတယ်”

“ရစ်ဆီ ဂျိမ်းစ် ၊ မေဆင်မောင့် ၊ ဟတ်ဆန် အိုဒွိုင်း တို့လည်း အသင်းကြီးမှာ ကစားနေရ ပါပြီ ။ ဒါတွေ အားလုံးကို ဖရန့် လမ်းပတ် အစပျိုး ပေးခဲ့တာပါ ။ သူ့ရဲ့ အခန်းကဏ္ဍ က ဒီလူငယ်လေးတွေ ရဲ့ အောင်မြင်မှုမှာ အရေးပါခဲ့ ပါတယ် ။ သူတို့ ( လူငယ်လေးတွေ ) ကလည်း ချဲလ်ဆီး မှာ ၉ နှစ် ၁၀ နှစ်သား ကတည်းက ကစားရင်း စောင့်လာခဲ့ကြရတာပါ ၊ သူတို့အတွက် လုံး၀ ထိုက်တန်ပါတယ်”

“လာမယ့် စူပါဆန်းဒေး မှာတော့ အတော်များများ က ဒီ ၂ သင်းကြား ( အာဆင်နယ် နဲ့ ချဲလ်ဆီး ) မှာ ကွာဟမှု အရမ်း ကြီးမား နေပြီလို့ ထင်ကြလောက် ပါတယ် ။ ဒါပေမယ့် ဒါက ဘောလုံးပါ ၊ ဘယ်သူကရော အဖွင့်ပွဲစဉ်မှာ စပါးက မန်စီးတီး ကို နိုင်မယ်လို့ ထင်ခဲ့ ကြလို့လဲ ? ကျွန်တော်တို့ ပရီးမီးယားလိဂ် ကို သဘောကျ ကြတာ ဒါတွေကြောင့်ပဲ မဟုတ်လား ၊ အသင်းတိုင်း ဟာ အနိုင်ရနိုင်စွမ်း ရှိနေကြလို့ ပါပဲ”

SPORTS MYANMAR