Sports

ဒီနှစ်မှ မန်ယူ ဖလားမရရင် ဆိုးလ်ရှား ဒိုးရတော့မယ်လို့ သတိပေး

မန်ချက်စတာယူနိုက်တတ် နည်းပြကြီး ဦးဆိုးလ်ရှားနဲ့ ခေတ်ဟောင်းယူနိုက်တတ်မှာ အပြိုင် တိုက်ပွဲဝင် ကစားခဲ့တဲ့ ယူနိုက်တတ် နောက်တန်း ကစားသမား မိုက်ကယ်ဆီဗက်စတားကတော့ ဦးဆိုးလိရှားလေးကို သတိပေးပြောဆိုကာ ယူနိုက်တတ်ကို တောက်ပ စစ်မှန်တဲ့ သရဲနီတပ်ကြီးဖြစ်ဖို့နဲ့ ဒီရာသီမှာ ဖလားတစ်လုံးလုံးရဖို့ ပြောလိုက်ထားတာဖြစ်ပါတယ်။

ဦးဆိုးလ်ရှားတစ်ယောက် ဒီရာသီအဖွင့်ပွဲကတော့
ပရိတ်သတ်တွေ အတွက် ကခုန်စေတဲ့ ရလဒ်တွေ ယူဆောင်ခဲ့ပါတယ်..ဆိုးလ်ရှားအနေနဲ့ ဖလားတစ်လုံးလုံးရယူဖို့ လိုအပ်နေပါပြီ ဒီနှစ်သာ ဖလားမရခဲ့ရင်တော့ ယူနိုက်တတ်က ထွက်ခွာဖို့ အထုပ်ပြင်ထားဖို့ လိုအပ်ပါတယ် သေချာတယ် ဒိုးဖို့ သာ ပြင်ထားရမယ်လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တတ်အသင်းကို ၂၀၁၈က ရောက်လာခဲ့တဲ့
နည်းပြ ဆိုးလ်ရှား ဟာ ခုထိ ဖလားတစ်လုံးမှ မရသေးတာပါ ခုလိုသတိပေးပြောဆိုလိုက်တာက ဆိုးလ်ရှားအတွက်  သတိထား ပြင်ဆင်ဖို့ ဖလားရယူဖို့ အဓိက အချက်ပဲ ဖြစ်ပါတယ်။

ဆိုးလ်ရှား သာ ဖလားတစ်လုံးမှ မရယူနိုင်ခဲ့ရင်တော့ ယူနိုက်တတ်နဲ့ဝေးကွာဖို့ပဲရှိပါတယ်။

ရာသီအဖွင့်ပွဲမှာ လိဒ်အသင်း ၅-၀နဲ့ အနိုင်ယူထားတဲ့ ယူနိုက်တတ် အသင်းဟာ ပရီမီးယားလိဂ်ဇယားမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်..လာမယ့်ပွဲမှာတော့ ဆောက်သမ်တန် နဲ့ ကစားသွားမှာဖြစ်ပါတယ်။

ဆောက်သမ်တန် vs မန်ယူ

Ref:superplay