Celebrity

တောတောင်ထဲကိုမိသားစုလိုက်ပါလာရတဲ့အထိ တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်လွန်းသူမင်းမော်ကွန်းအတွက် စကားလက်ဆောင်ပါးလိုက်တဲ့ KIA ရဲဘော်တစ်ဦး

မနေ့ညကလူမှုကွန်ယက်တွင်တက်လာတဲ့ ဓာတ်ပုံလေးတစ်ပုံကြောင့်ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ဒါကတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင်ဇနီးနဲ့သားလေးမှ မှိုချိုးနေတဲ့ပုံလေးကိုသရုပ်ဆောင်မင်းမော်ကွန်းရဲ့Facebook အကောင့်တွင်တင်လာခဲ့တာဖြစ်ပါတယ်။ ဒီပုံလေးကိုကြည့်ပြီး ပြည်သူများသာမက အနယ်နယ်အရပ်ရပ်တွင်တော်လှန်ရေးအတွက်ရောက်ရှိနေတဲ့ရဲဘော်များအားလုံးက မင်းမော်ကွန်းရဲ့

တော်လှန်ရေးစိတ်ဓာတ်ပြ.င်းထန်မှုကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က KIA တပ်မှရဲဘော်တစ်ဦးရဲ့ လူမှုကွန်ယက်တွင် သူငယ်စဉ်ကတည်းကသဘောကျရတဲ့မင်းသားမင်းမော်ကွန်းဟာနွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့တဲ့အပြင်အခုချိန်ထိတော်လှန်ရေးအတွက်အားမလျော့ဘဲ ပါဝင်နေတာကို ကြည့်ပြီး ချီးကျူးစကားရေးသားထားတာဖြစ်ပါတယ်။

မင်းသားဟာ သပိတ်ကာလကနေ အခုချိန်ထိ တောထဲတောင်ထဲဇနီးသားသမီးများပါ လိုက်ပါလာရတဲ့အထိပါဝင်ပေးနေတာကို မြင်တွေ့ရတဲ့အတွက်အရင်ကထက်ပိုပြီးအချစ်ပိုရကြောင်း ရေးသားထားပါတယ်။တောင်ပေါ်ကျော.က်ငါးလူးနဲ့ ထမင်းမြိ.န်အောင်ကျွေးချင်တဲ့အတွက်အရေးတော်ပုံအောင်မြင်သွားတဲ့အခါကချင်ဒေသကိုမိသားစုလိုက်လာလည်ဖို့မင်းမော်ကွန်းကိုလူကြုံပါးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင်ကချင်ရဲဘော်တွေကလည်းမင်းသားကို ချစ်ခင်အားပေးနေကြောင်းကိုလည်းရေးသားပြောပြထားပါသေးတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့နိုင်ငံအရေးတွင်ပြည်သူတွေနဲ့အတူဓမ္မဘက်ကနေရပ်တည်ပေးကြတဲ့အခြားသောအနုပညာရှင်တွေလည်းများစွာရှိပါတယ်။ မိသားစုများနဲ့ခွဲခွ.ာပြီး တော်လှန်ရေးအတွက်ပါဝင်ဆောင်ရွက်ပေးနေကြတဲ့ အနုပညာရှင်များအားလုံးလည်း ချစ်ခင်ရသူများနဲ့အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Credit