Sports

ဒီနွေမှာ ပရီးမီးယားလိဂ်ရဲ့ ငွေသုံးအကြမ်းဆုံးအသင်း ဖြစ်လာဖို့ ရှိနေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ နောက််ထပ် ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ နီးစပ် သွားခဲ့တဲ့ အနေအထား တစ်ရပ်မှာတော့ ဒီနွေမှာ ပရီးမီးယားလိဂ်ရဲ့ ငွေသုံး အကြမ်းဆုံး အသင်း တစ်သင်း ဖြစ်လာဖို့ ရှိနေပြီလို့ သိရပါတယ် ။

လက်ရှိ အချိန်မှာ မီခေးလ် အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းဟာ ရှက်ဖီး ယူနိုက်တက် အသင်းမှ ဂိုးသမား ဖြစ်သူ အာရွန် ရမ့်စ်ဒေးလ် နဲ့ ရီးယဲ မက်ဒရစ် အသင်းမှ ကွင်းလယ် ဖန်တီးရှင် မာတင် အိုဒီဂတ် တို့ကို ရရှိဖို့ အတော်လေး နီးစပ် နေပြီလို့ သိရပါတယ် ။

အာဆင်နယ်တို့ဟာ အခုအချိန်အထိတော့ ဘရိုက်တန် အသင်းမှ နောက်ခံလူ ဘန်ဝှိုက် အတွက် ပေါင် သန်း 50 အထိ သုံးစွဲ ထားခဲ့ပြီ ဖြစ်သလို အဲလ်ဘတ် ဆမ်ဘီ လိုကွန််ဂါ နဲ့ နူနို တာဘာရက်စ် တို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အာဆင်နယ် တို့ဟာ ဒီနွေမှာ စုစုပေါင်း ပေါင် 76 သန်း အထိ သုံးစွဲထားခဲ့ပြီလို့ ဆိုရပါ့မယ် ။ အခုတော့ အာဆင်နယ် တို့ဟာ ရမ့်စ်ဒေးလ် နဲ့ အိုဒီဂတ် တို့ကို ခေါ်ယူမယ် ဆိုရင် ခန့်မှန်းခြေ ပေါင် 53 သန်းလောက် ထပ်မံ ကုန််ကျခံရဖို့ ရှိနေပါတယ် ။

ဒါ့ကြောင့် အာဆင်နယ်တို့ဟာ သူတို့ နှစ်ဦးကို ရရှိသွားတာနဲ့ တပြိုင်နက် ဒီနွေမှာ သုံးစွဲငွေ စုစုပေါင် 129 သန်း အထိ မြင့်တက် သွားမှာပဲ ဖြစ်ပါတယ် ။ အဲ့တာကပဲ အာဆင်နယ် တို့ကို ဒီနွေရဲ့ ငွေသုံး အကြမ်းဆုံး အသင်း တစ်သင်း ဖြစ်သွားစေမှာပဲ ဖြစ်ပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အချိန်ထိ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါင် 114 သန်း ၊ မန်စီးတီးတို့ဟာ ပေါင်သန်း 100 ၊ ချဲလ်ဆီးကတော့ ပေါင် 97.5 သန်း အထိသာ သုံးစွဲထားကြလို့ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီကစားသမား နှစ်ဦးကို ခေါ်လိုက်တာနဲ့ အာဆင်နယ်ဟာ ငွေအများဆုံး သုံးတဲ့ အသင်း ဖြစ်သွားပါလိမ့်မယ် ။

အထက်မှာ ဖော်ပြထားခဲ့တဲ့ အသင်းတွေရဲ့ နောက်မှာတော့ အက်စတွန် ဗီလာ နဲ့ လက်စတာ စီးတီး အသင်းတို့ဟာ ပေါင် 93 သန်း ၊ ပေါင် 55 သန်း စီ သုံးထား ကြပြီး ငွေသုံး အများဆုံး ပရီးမီးယားလိဂ် ကလပ်တွေ အဖြစ် ရပ်တည် နေခဲ့ကြ ပါတယ် ။

အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ အဆင့် 8 နေရာနဲ့သာ ရာသီ ပိတ်သိမ်းခဲ့ရ ပါတယ် ။ ဒါဟာ အာဆင်နယ် အတွက်တော့ 25 နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ််အဖြစ် ဥရောပ ဝင်ခွင့် ဆုံးရှုံးခြင်း ဖြစ်သွားခဲ့ရ ပါတယ် ။

ဒါ့ကြောင့် အာဆင်နယ် နည်းပြ အာတီတာဟာ အသင်းကို လုံးဝ အသစ် ဖြစ်သွားအောင် ပြုပြင် ပြောင်းလဲလိုက်ဖို့ ရည်ရွယ် နေပြီး အခုလို ကစားသမားတွေ အရ ခေါ်ယူနေခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်ထိ အာဆင်နယ် တို့ဟာ ဂျိုး ဝီလော့ တစ်ဦးထဲကိုသာ နယူးကာဆယ်တို့ဆီ ရောင်းချထားနိုင်ခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ အာဆင်နယ်တို့ဟာ ရမ့်စ်ဒေးလ် ၊ အိုဒီဂတ်တို့ကို ခေါ်ယူပြီးနောက် နွေအပြောင်းအရွှေ့ ကိစ္စတွေကို အဆုံးသတ် သွားဦးမှာ မဟုတ်သေးပဲ တိုက်စစ်မှူး တစ်ဦး နဲ့ ညာ နောက်ခံလူ တစ်ဦးကိုပါ ထပ်မံ ချိန်ရွယ်သွားလိမ့်ဦးမယ်လို့ သိနေရ ပါတယ် ။ ဒီနွေမှာတော့ အာဆင်နယ်တို့ဟာ စျေးကွက်ထဲ ကြမ်းပြီးရင်း ကြမ်းဖို့ပဲ ရှိနေပါတယ် ။

Credit – SM