Sports

အပြောင်းအရွေ့မပိတ်သိမ်းခင် ဆိုးရှားက တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ဆန္ဒရှိနေ

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းသမိုင်းတစ်လျှောက် အကောင်းမွန်ဆုံး

နွေရာသီအပြောင်းအရေွ့ကာလတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

ပြီးခဲ့တဲ့ရာသီအတွင်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဗီလာရီးရဲကို ရှုံးနိမ့်ခဲ့ပေမယ့်

လက်ရှိမှာတော့ ကစားသမားသစ်တွေနဲ့အတူ ရာသီသစ်က စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ယခုနွေရာသီရဲ့ ပထမဆုံးအပြောင်းအရွေ့အနေနဲ့ ဂိုးသမား တွမ် ဟီတန်ကို

ခေါ်ယူနိုင်ခဲ့ပြီး မကြာခင်မှာပဲ တစ်နှစ်ကျော် ကြိုးစားခဲ့ရတဲ့ ဂျေဒန်ဆန်ချို

အပြောင်းအရွေ့ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အသက် ( ၂၁ ) နှစ်အရွယ်

ကစားသမားဟာ ဇူလိုင်လအတွင်း အသင်းနဲ့ ( ၅ ) နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး

လိဒ်ကို ( ၅-၁ ) အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဥ်မှာ ပထမဆုံးအကြိမ် ကစားခဲ့ပါတယ်။

ယူနိုက်တက်က အဆိုပါ ပွဲစဥ်မတိုင်မီ အသင်းရဲ့ တတိယမြောက်ကစားသမား

ခေါ်ယူဖြစ်တဲ့ ရာဖေးလ် ဗာရန်းကို အိုးထရတ်ဖို့ဒ်ကွင်းကြီးထဲမှာ တရားဝင်

ကြေညာသွားခဲ့ပါတယ်။ ဆန်ချုိ နှင့် ဗာရန်းတို့ဟာ ပြီးခဲ့တဲ့ရာသီမှာ အိုလေ ဂန်းနား

ဆိုးရှားက အင်အားဖြည့်တင်းဖို့ အလိုခဲ့တဲ့ နေရာ ( ၂ ) ခုကို ချက်ချင်းအစားထိုး

နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတွေအရ နော်ဝေနည်းပြဟာ

နောက်ထပ်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ဆန္ဒရှိနေသေးကြောင်းသိရပါတယ်။

ယုံကြည်ရတဲ့ The Telegraph သတင်းဌာနက ဆိုးရှားဟာ အသင်းရဲ့ ယခုနွေရာသီ

ကစားသမားခေါ်ယူမှုတွေအပေါ် သဘောကျလျက်ရှိပေမယ့် နောက်ထပ်

တိုက်စစ်မှူးတစ်ဦးအလိုရှိနေသေးကြောင်း သိရပါတယ်။ နောက်ပြီး ယူနိုက်တက်က

အသင်းမှာ ညာနောက်ခံကစားသမားတစ်ဦးသာရှိနေတဲ့အတွက်

အာရွန် ဝမ်ဘစ်ဆာကာအနေနဲ့ ဝန်မပိစေဖို့ အက်သလက်တီကိုရဲ့

ကီရန် ထရစ်ပီယာကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အေစီမီလန်မှာ

တစ်ရာသီအငှားသွား‌ေရာက်ကစားခဲ့တဲ့ ဒါးလော့က အသင်းကို

ပြန်လည်ရောက်ရှိလာပေမယ့် သူ့ရဲ့ အနာဂတ်က လက်ရှိချိန်ထိ

သေချာမှုမရှိပဲ ဖြစ်နေပါတယ်။

Credit