Sports

အာတီတာ ကို ထုတ်ပယ်ပြီး ကွန်တီ နဲ့ အမြန်ဆုံး အစားထိုးဖို့ တိုက်တွန်းလိုက်တဲ့ ဒါရင်းဘန့်

အာတီတာ ကို ထုတ်ပယ်ပြီး ကွန်တီ နဲ့ အမြန်ဆုံး အစားထိုးဖို့ တိုက်တွန်းလိုက်တဲ့ ဒါရင်းဘန့်

အင်္ဂလန် အသင်း ကစားသမားဟောင်း တစ်ဦး ဖြစ်သလို အာဆင်နယ် ပရိသတ် တစ်ဦးလည်း ဖြစ်တဲ့ ဒါရင်းဘန့် က အာတီတာ နေရာ ကို ချဲလ်ဆီး နည်းပြဟောင်း ကွန်တီ နဲ့ အစားထိုးဖို့ တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းမှာ ကစားသမား ဘဝ ၅ နှစ်တာ ဖြတ်သန်း ခဲ့ဖူးတဲ့ အာတီဟာ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလမှာ အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူပါ ။ အာတီတာ ဟာ အာဆင်နယ် အသင်းကို နည်းမပြခင် ဂွာဒီယိုလာ ရဲ့ လက်ထောက် အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ် ။

အာတီတာ ဟာ သူ့ရဲ့ နည်းပြ ဘဝ အစမှာ အက်ဖ်အေဖလား ၊ ကွန်မြူနတီဒိုင်းတွေ ရယူ နိုင်ခဲ့ပေမယ့်ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၈ သာ ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် ဥရောပ ဝင်ခွင့် နဲ့ လွဲချော် ခဲ့ရပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တန်းတက် ဘရန့်ဖိုဒ့် အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ပြီးနောက် အာဆင်နယ် နည်းပြ အာတီတာ ကို ထုတ်ပယ်တော့ဖို့ ပရိသတ်တွေ ပိုမို တောင်းဆိုလာကြပါတယ် ။ ဒါ့အပြင် ထုတ်ပယ် ခံရဖို့ ရေပန်းအစားဆုံး နည်းပြစာရင်းမှာလည်း အာတီတာ ဟာ ထိပ်ဆုံး ရောက်လာခဲ့ပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ အာတီတာ နေရာမှာ ကွန်တီ နဲ့ အစားထိုးဖို့ ဆန္ဒ ရှိနေကြပါတယ် ။ တော့တင်ဟမ် ကစားသမားဟောင်း ဒါရင်းဘန့် ရဲ့အမြင်ကလည်း အာဆင်နယ် ပရိသတ်တွေနဲ့ ထပ်တူကျခဲ့ပြီး ကွန်တီ ကို အမ်းမရိတ်မှာ မြင်တွေ့ ချင်နေပါတယ် ။

ဘန့်က talkSport မှာ ” အာဆင်နယ် ပွဲ ကြည့်ရတာ တကယ် ခက်ခဲ လွန်းပါတယ် ၊ ဘရန့်ဖိုဒ့် နဲ့ ပွဲက စွမ်းဆောင်ရည်က အတော် ဆိုးရွားလှပါတယ် ၊ သူတို့ကို ပြိုင်ဘက်က အနိုင်ကျင့် ကစားသွားတာပါ ၊ ကြည့်လို့ မကောင်းခဲ့ပါဘူး ၊ ဘန်ဝှိုက် အတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ် ။ ”

“အသင်းကို ကောင်းမွန်အောင် လုပ်ချင်ရင်တော့ အာတီတာကို ထုတ်ပယ်ပြီး အန်တိုနီယိုလို နည်းပြမျိုးကို ခေါ်သင့်ပါတယ် ။ အာဆင်နယ် က ကစားသမားသစ်တွေ ငွေတွေ အများကြီး သုံးထားတာပါ ၊ ဒါပေမယ့် အခု အသင်းက ကျရိပ်ပဲ ပြပြလာပါတယ် ။ ”

” ကွန်တီ နဲ့ဆို တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်ပါတယ် ၊ ကွန်တီ က လာပါ့မလား ဆိုတာတော့ ကျနော်လည်း မသိပါဘူး ၊ ကွန်တီ ကို ခေါ်လို့ ရနိုင်မယ် ဆိုရင်တော့ အာတီတာ ကို ထုတ်ပယ်လိုက်ပါ ။ ” လို့ ဆိုပါတယ် ။

အသက် ၅၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကွန်တီ ဟာ ချဲလ်ဆီး အသင်းကို ကိုင်တွယ်စဉ်တုန်းက ပရီးမီးယားလိဂ် နဲ့ အက်ဖ်အေ ဖလားတွေ ရယူ ပေးခဲ့သူ ဖြစ်ပြီး မနှစ်ကလည်း အင်တာမီလန် အတွက် စီရီးအေ ချန်ပီယံဆု ရယူ ပေးခဲ့ပါတယ် ။

Credit – SM