Sports

ယူနိုက်တတ်အသင်း အမှတ်ပေးဖလားဆုကို ရယူ​ ပေးစေနိုင်မယ့် ကစားသမားဟု ခရစ်ဆပ်တွန်ပြောဆို

BBC ရဲ့ သတင်းသုံးသပ်သူ တစ်ဦး ဖြစ်သလို အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးလည််း ဖြစ်ခဲ့ဖူးတဲ့ ခရစ်ဆပ်တွန်က ယူနိုက်တက် အသင်းရဲ့ ကစားသမား တစ်ဦးဟာ ဒီရာသီ အမှတ်ပေးဖလားကို ဆွတ််ခူးအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာတော့ အားနည်းချက် ဖြစ်နေခဲ့တဲ့ ညာ တောင်ပံတိုက်စစ် နေရာနဲ့ ဗဟိုခံစစ် နေရာတွေကို အင်အား ဖြည့်တင်း ထားနိုင်ခဲ့ ပါပြီ ။ ဒါပေမဲ့ တိုက်စစ်မှူး ၊ ကွင်းလယ် ခံစစ် နဲ့ ညာ နောက််ခံလူ နေရာတွေမှာ လိုအပ်ချက် ရှိနေဆဲ ပါပဲ ။

ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး နေရာအတွက် ကာဗာနီ ၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ ရွေးချယ်စရာ အဖြစ် ရှိနေကြ ပါတယ် ။ ဒါပေမဲ့ ကာဗာနီက အသက်အရွယ် ရရှိနေပြီ ဖြစ်သလို မာရှယ် ကလည်း ခြေစွမ်း တည်ငြိမ်မှု မရှိ ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ ။

ဒါပေမဲ့ ဒီရာသီ အဖွင့် ပွဲစဥ်မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ မေဆွန် ဂရင်းဝုဒ်ကို အထောင် တိုက်စစ််မှူး နေရာမှာ ထားပြီး ကစားစေခဲ့ရာ ကစားသမားဟာ ပုံစံကောင်း ပြသနိုင်ခဲ့သလို သွင်းဂိုး တစ်ဂိုးလည်း သွင်းယူပေးနိုင်သွားခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် ပရိသတ်တွေက ဂရင်းဝုဒ် ကိုပဲ အထောင် တိုက်စစ်မှူး နေရာမှာ ဆက်ထားပြီး ကစားစေဖို့ အသင်းကို တောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ် ။ အခုတော့ ခရစ် ဆပ်တွန် ကလည်း ဂရင်းဝုဒ်ဟာ အသင်းကို အမှတ််ပေးဖလား ဆွတ်ခူးစေနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ အသင်းမှာ ပေါလ် ပေါ့ဂ်ဘာ ရှိနေသေးပြီး သူဟာအဖွင့်ပွဲမှာပဲ 4 ဂိုးအထိ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ မေဆွန် ဂရင်းဝုဒ်.. အထောင် တိုက်စစ်မှူး နေရာမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေက တကယ့်ကို ထူးကဲလွန်းနေခဲ့ပါတယ် ”

” ခင်ဗျားတို့ ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီကို ကြည့်ရှုလိုက်မယ်ဆိုရင် သူ့ရဲ့ စွမ်းဆောင်ရည် အနည်းငယ်ကျဆင်းနေခဲ့တာကို တွေ့ရပါလိမ့်မယ် ။ ဒါပေမဲ့ သူကဘောလုံးရာသီကို အဆင်ပြေချောမွေ့စွာ ကုန်ဆုံးစေနိုင်ခဲ့ ပါတယ် ”

” ဒါပေမဲ့ သူ အသင်းအတွက် ပထမဆုံး ကစားပေးခဲ့တဲ့ ဘောလုံး ရာသီနဲ့ ယှဥ်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့ ဘောလုံး ရာသီက အရင်ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည် မြင်ရဖို့ လူတွေ မျှော်လင့်ခဲ့ကြတာ အမှန်ပါပဲ ။ သူ့ကို ထိပ်တန်း အဆင့် ကစားသမား အဖြစ် လူတွေ မြင်ချင်ခဲ့ကြပါတယ် ”

” ဒီရာသီတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင််းအတွက် ကစားသမားသစ် တစ်ဦး ရရှိလိုက်သလိုပါပဲ ။ ကျွန်တော် ပြောတာ အချိန်စောနေတယ်လို့ မထင်စေလိုပါဘူး ။ ရာသီ အစတုန်းက ဒီနေရာမှာ ကာဗာနီပဲ ကစားရလိမ့်မယ်လို့ လူတွေအားလုံး တွေးတောခဲ့ကြ ပါတယ် ”

” ဒါပေမဲ့ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ပုံက ‘ အိုလီရေ ၊ ဒီရာသီ သူ့ကိုပဲ အသင်းရဲ့ တိုက်စစ်မှာ ပွဲထွက် ကစားခွင့် ပေးလိုက်ပါ ၊ ကာဗာနီ အပေါ် ယုံကြည် အားထားခဲ့သလိုမျိုး ဂရင်းဝုဒ် အပေါ်လည်း ယုံကြည်ပေးနိုင်မလား ? ‘ ဆိုတဲ့အတွေးမျိုး ခင်ဗျား တို့ကို ဖြစ်စေခဲ့ပါလိမ့်မယ် ”

” ဘောလုံး ရာသီ မစတင်ခဲ့စဥ်က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျွန်တော်မတွေးခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပိုကောင်းတဲ့ အသင်း ၊ ပိုကောင််းတဲ့ ကစားသမား စာရင်းတွေ ရှိနေလို့ ပါပဲ ”

” ယူနိုက်တက်ကို မထင်ရတဲ့ အကြောင်းအရင်းက တိုက်စစ််မှူး နေရာကြောင့်ပါပဲ ။ ကာဗာနီလို အသက်အရွယ် ရနေပြီ ဖြစ်တဲ့ ကစားသမားဟာ တစ်ရာသီလုံး အသင်းကြီး တစ်သင်းအတွက် တောက်ပ နိုင်မလားဆိုတဲ့ အတွေးတွေ ကျွန်တော်တို့ ဆီမှာ ရှိနေခဲ့ ပါတယ် ”

” ဒါပေမဲ့ အခုလို အနေအထားတွေ အရ မေဆွန် ဂရင်းဝုဒ်သာ ပုံစံကောင်းတွေ ပြသသွားနိုင်မယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေးဖလားဆုကို ဆွတ််ခူးနိုင်ပါလိမ့်မယ် ” လို့ ခရစ် ဆပ်တွန်က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Credit – SM