Local News

ပြောလက်စအဖွဲ့တွေကို ရှိတဲ့ငွေကိစ္စဖြတ်ပြီးရင် လုံးဝရပ်ပြီ ဆက်မလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီဆိုတဲ့ပန်ဆယ်လို

ပြောလက်စအဖွဲ့တွေကို ရှိတဲ့ငွေကိစ္စဖြတ်ပြီးရင် လုံးဝရပ်ပြီ ဆက်မလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီဆိုတဲ့ပန်ဆယ်လို

တော်လှန်ရေးမှာ အတ္တကြီးကြတာလား၊ တမင်သောက်ကျ င့်ယု တ်တာပဲလား။ ကိုယ့်မယ် အိပ်တောင် မအိပ်ရဲဘူး။ နိုးတာနဲ့ သော က်ပွဲက ကြိုနေပြီ။

ပြီးခဲ့တဲ့ရက်က ၁၀ သိန်းအလိမ်ခံရတယ်ဆိုတဲ့ကိစ္စ။ ဓါတ်ပုံတူနေတဲ့ကိစ္စကစတယ်။ ဓါတ်ပုံပိုင်ရှင်နဲ့ နားလည်မှုလွဲတယ်၊ ဖြေရှင်းပြီးပါပြီဆိုတဲ့ ပိုစ့်လောက်နဲ့ပဲ ပြီးချင်ခဲ့တာ။ ဒါပေမယ့် အဆင်မပြေဘူး။ Public ရှင်းရတယ်။

နောက်ဆက်တွဲအနေနဲ့ တစ်ဖက်မှာလည်း ကွိုင်(အဲ့ကွိုင်ကတော့ ထပ်ပြောမရဘူး)။ ကိုယ်ဘက်မှာလည်း ထောက်ပို့ကလေးတွေ အကုန်ပြေးရပြီ။ ဖေ့စ်ဘုတ်ပေါ် Public နဲ့ တင်ရှင်းရတာ ဘယ်လောက် Risk များတယ်ဆိုတာရယ်၊ အချက်အလက်ပေါက်ကြားမှာစိုးလို့ ကိုယ်မှန်နေလျက်နဲ့ ခေါင်းငုံ့ခံလိုက်ရတာတွေ အများကြီး။ အခုလည်း လုပ်လာပြန်ပြီ။ ကိုယ်ပေးတဲ့ငွေ သူတို့မရပါဘူးဆိုတဲ့ ဟာတွေ။

ဒီတစ်ခေါက်တော့ နပ်သွားပြီး သားရီးတို့ရေ။ ပြောပြမယ်။ မြို့တွေ မြို့တွေမှာ အဖွဲ့တွေဆိုတာ နင်တို့ တစ်ဖွဲ့တည်း ရှိတာမဟုတ်ဘူး။ ရန်ကုန်၊မန်းဆို ရာချီနီးပါးပဲ။ နယ်မြို့တွေမှာလည်း အဖွဲ့တွေက တစ်ဖွဲ့တည်း မဟုတ်ဘူး။ အချို့ဆို အဲ့မြို့အတွက် ဖွဲ့စည်းထားတဲ့ တောထဲရောက် အဖွဲ့တွေ။ အဲ့မြို့က မတူတဲ့ အဖွဲ့အစည်းတွေ။ အချို့အဖွဲ့တွေဆို တစ်ယောက်စီတစ်ယောက် စုံစမ်းလို့တောင် မရတာတွေ။

ငါ့လောက်စစ်တာ ငါပဲ ရှိတယ်။ ဟိုနေ့က ဆယ်သိန်းကိစ္စကလည်း ဖြစ်ရပ်မှန်သိရပြီ။ Public မှာ ထပ်ပြောရင် လုံခြုံရေးပြသနာတွေ ရှိလို့ ထပ်မပြောတော့တာ။ ငါစစ်တာတွေ များလို့ အချို့အဖွဲ့တွေဆို မယူတော့ဘူး… ငါတို့ကို ဒီလောက်စစ်ရအောင် ဘာလဲဆိုပြီး ဒေါခီးပြန်သွားတာတွေ အမုန်းခံရတာတွေ ရှိတယ်။

ဒီမြို့မှာ ငါလုပ်နေလို့ ငါတစ်ဖွဲ့တည်းက အမှန်၊ ကျန်တာ အတုတွေ အလိမ်တွေ။ ငါ့ကို မလှူရင် ငါကတော့ ဆဲလိုက်ရမှ ပြောလိုက်ရမှ စောက်ချိုးတွေ။

အခုက ဒီမြို့ကို လှူရင် ငါ့အဖွဲ့ပဲ ရရမယ်၊ ငါတို့က တစ်ခုတည်းသော မူပိုင်ရှင်အဖွဲ့၊ ငါတို့အဖွဲ့မရရင် ရှင်းစမ်း။ အဲ့လို အချိုးတွေ။ ကိုယ့်ဘက်ကလည်း ရှင်းရပြီဆို ကိုယ်ဘယ်လို စစ်ဆေးထားလည်း တစ်ဖက်ကပြောတဲ့ SS တွေကို တင်ပြီး ရှင်းဖို့ပဲ ရှိတယ်။ အဲ့ထဲမှာ ပါတဲ့ အချက်အလက်၊ နေရာ၊ အင်အား အကုန်ပေါက်ကြားရော။ အဲ့လို တင်ရှင်းစေချင်နေတဲ့ နင်တို့က ဒလန်လား။ ငါ့ကို ကျုံးသွင်းပြီး ဒလန်ဖြစ်စေချင်တာလား။

ငါက လှူလိုက်တာနဲ့ သူတို့မြို့က အဖွဲ့တွေ အကုန်ပြေးရပါတယ် ဒရာမာချိုးတဲ့ကောင်ကို ငါပြောမယ်။ ငါကူနေတဲ့ အဖွဲ့တွေ မြို့တွေထဲ ဘာအချက်အလက်မှ ရေးမတင်ထားဘဲ ငါကူလိုက်လို့ တန်းပြေးရပါတယ်ဆိုတာ ယုတ္တိလည်းမရှိဘူး။ ကြားလည်း မကြားဖူးဘူး။ ပြည်သူတွေရဲ့ လူငယ်တွေအပေါ် သနားကြင်နာမှုကို အခွင့်ကောင်းယူပြီး ငါ့ကို ထိုးမချနဲ့။

အဲ့တော့ ကော့သောင်းက ဘယ်သူ့ကို လှူလိုက်ပါတယ်၊ နာမည်ဘယ်သူပါ၊ လက်ရှိဘယ်မှာ အင်အားဘယ်လောက်နဲ့ ဘယ်လိုလှုပ်ရှားနေတဲ့ နင့်ကို အစအဆုံး တင်ပြပေးရအောင် နင်က ဘာကောင်လဲ။ကော့သောင်းက နင့်ကို တရားဝင် ခန့်အပ်ထားကြောင်းအချက်အလက်နဲ့ ငါ့ဆီလာခဲ့။ ဆရာကြီးစော က်ထာ ပါးစပ်ပေါက်ကြီးသီးသန့်နဲ့ လာမအာနဲ့။ သွယ်ဝိုက်ပြီး ငါ့ကို ဒလန်လာမလုပ်နဲ့။

အဲ့တော့ ငါသဘောပေါက်ပြီ။ ပြသနာက နင်တို့ ငွေမရလို့ပဲ။ ပြောစရာက တစ်ခုပဲ ရှိတယ်။ မကျေနပ်ရင် လဲ​ေ သလို က်။

ပြသနာရဲ့ အရင်းအမြစ်က ငါကူညီပေးဖြစ်နေလို့ ဖောင်းထုခံရတာ။ ဘာမှမလုပ်ရင် ဘာမှ မဖြစ်တော့ဘူး။ ငါ့ဆီ လူတွေ ငွေကူညီကြတာ မကျေနပ်လို့ ငါကူနေတာတွေ အမှားတွေဆိုတာ ဖြစ်အောင် တမင်လုပ်နေတာ။ အဲ့တော့ ငါဘာမှ မလုပ်ရင် ခေါင်းရှုပ်စရာ မရှိတော့ဘူး။

အဲ့တော့ မူပိုင်ရှင် စော က်ဆရာကြီးများ။ နင်တို့ပဲ ကူ ညီကြ။ နင်တို့ပဲ ငါ့လို ရှာနိုင်အောင် လုပ်ကြ။ ငါကတော့ လုပ်နိုင်သမျှ လုပ်ပြီးပြီ။ ကူနိုင်သမျှ ကူပြီးပြီ။ အဆဲခံနိုင်သလောက်လည်း အဆဲခံ အပြောခံ တောင့်ခံခဲ့ပေးပြီးပြီ။

ပြောလက်စအဖွဲ့တွေကို ရှိတဲ့ငွေကိစ္စဖြတ်ပြီးရင် လုံးဝရပ်ပြီ။ စစ်စခန်းကိစ္စလည်း ဒီရက်ထဲ ပြီးဆုံးပြီ။ တကယ်လုပ်နေတဲ့ အဖွဲ့တွေကို အားနာပါတယ်။ ကူညီချင်ပါတယ်။ ဒါပေမယ့် လူယုံကြည်မှု မရှိတော့အောင် တမင်တိုက်ခိုက်ခံနေရတာတွေဟာ အပင်ပန်းခံ မအိပ်မနေ အကူအညီကောက်ခံရတဲ့ကြိုးစားမှုတွေ အလကားဖြစ်တဲ့အပြင် အထင်ပါအသေးခံရတာကြောင့် ဆက်မလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။

စောက်ဆရာကြီးများ မူပိုင်ရှင်ကြီးများ စိတ်ချမ်းသာအောင် သူတို့သာ သွားလှူပေးကြပါ။
အချို့က တော်သာတော်လှန်နေတာ အတ္တတွေက မအလနီးနီးတွေ။

ပန်ဆယ်လို