Sports

ဆောက်သမ်တန် Vs မန်ယူနိုက်တက် ပရီးမီးယားလိဂ် ပွဲအတွက် သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ ဆောက်သမ်တန်အသင်းကို စိန့်မေရီ ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန် ကတော့ သြဂုတ်လ ၂၂ ရက်၊ တနင်္ဂနွေနေ့၊ ည ရး၃၀ နာရီ ဖြစ်ပါတယ်။

ဘီဘီစီသတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ ဆောက်သမ်တန်နဲ့ မန်ယူနိုက်တက်တို့ ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ပြီးခဲ့တဲ့ ရာသီမှာ ယူနိုက်တက်က အဝေးကွင်းတွေအတွင်း နောက်ကနေ ရလဒ်ပြန်ယူနိုင်တဲ့ အလေ့အကျင့်ကောင်း ကို မွေးမြူနိုင်ခဲ့တယ်။ စိန့်မေရီကွင်းမှာ အဲ့လိုကစားခဲ့ပြီး ကာဗာနီရဲ့ နောက်ကျသွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်က ဆောက်သမ်တန်ကို ၉-၀ ဖြင့် အနိုင်ယူချိန်မှာလည်း ကွင်းအတွင်း ကျနော် ရှိနေခဲ့ပါတယ်။ ဒီအချိန်မှာတော့ အဲ့လောက် ဂိုးပြတ်မှာ မဟုတ်ပါဘူး ဒါပေမယ့် လိဒ်ယူနိုက်တက်ကပွဲလောက် ပေါ့ဘာ ကစားပုံ မကောင်းရင်တောင်မှ ယူနိုက်တက်ကပဲ ရမှတ်တွေ ရသွားမှာပါ။

တန်းဆင်းတိုက်ပွဲတွေကို ဆောက်သမ်တန်အသင်း ရင်ဆိုင်ရမယ့်အပေါ် ကျနော် ဘယ်တုန်းကမှ စိတ်မပူပါဘူး။ ဒါပေမယ့် အခု သူတို့ရဲ့ အခြေအနေက သိပ်မကောင်းပါဘူး။ တိုက်စစ်မှူး ဒန်နီအင့်နဲ့ ခံစစ်မှူး ဗက်စတာဂတ်လို အဓိက ကစားသမား နှစ်ဦးကို ဆုံးရံှူးထားတာဖြစ်ပါတယ်။

အပြောင်းအရွှေ့မှာ ရတဲ့ ငွေကြေးတွေထဲက အချို့ကို အသင်း လူအင်အား တောင့်တင်းဖို့အတွက် ဆောက်သမ်တန်က သုံးသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ ဒီရာသီက သူတို့အတွက် ခက်ခဲသွားတော့မှာပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဆောက်သမ်တန် ဝ-၂ မန်ယူနိုက်တက် ဖြစ်ပါတယ်။

Credit