Sports

ကစားသမားလေးဦး ကိုဗစ် ဖြစ်နေခဲ့ကြောင်း ကြေညာလိုက်တဲ့ အာဆင်နယ် ၊ နှစ်ဦး ချဲလ်ဆီး နဲ့ ပွဲကို လွဲချော်မယ်…

အာဆင်နယ် အသင်းက ပြီးခဲ့တဲ့ အပတ်က အူဘာမီယန်း ၊ လာကာဇက် ၊ ဝီလီယံ နဲ့ ရူနာဆန် တို့ကို ကိုဗစ် စစ်ဆေးရာမှာ positive အဖြေထွက်ခဲ့ကြောင်း အတည်ပြု ကြေညာ လိုက်ပါတယ် ။ ဒါဟာ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ အူဘာမီယန်း နဲ့ လာကာဇက် တို့ မပါဝင် နိုင်ခဲ့တဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ် ။

အူဘာမီယန်း နဲ့ လာကာဇက် တို့ မပါနိုင်တဲ့ အာဆင်နယ် အသင်းဟာ အဖွင့်ပွဲမှာ တန်းတက် ဘရန့်ဖိုဒ့် အသင်းကို ဂိုးမသွင်းနိုင်ဘဲ ၂ ဂိုးပြတ် ရှုံးနိမ့် ခဲ့ရပါတယ် ။ ချဲလ်ဆီး နဲ့ ပွဲမတိုင်မှီမှာတော့ အာဆင်နယ် အသင်းဟာ အူဘာ နဲ့ လာ​ကာ တို့ ကိုဗစ် ဖြစ်နေခဲ့တာ ဖြစ်ကြောင်း အသိပေးလိုက်ပါပြီ ။

အူဘာ နဲ့ လာကာ တို့အပြင် ဝီလီယံ နဲ့ ရူနာဆန် တို့ဟာလည်း positive ထွက်ခဲ့တာကြောင့် ဘရန့်ဖိုဒ့် နဲ့ ပွဲကို လွဲချော် ခဲ့ရတာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ဝက်ဆိုဒ် ရဲ့ ကြေညာချက်မှာ ” အူဘာ က ကိုဗစ်-၁၉ positive ဖြစ်နေခဲ့တာကြောင့် သောကြာနေ့က ကစားခဲ့တဲ့ ဘရန့်ဖိုဒ့် နဲ့ ပွဲကို မပါဝင် နိုင်ခဲ့တာပါ ။ ”

” အခု အူဘာ ကို ထပ်စစ်ကြည့်တေ့ာ negative ပြနေပါပြီ ၊ နေလည်း ကောင်းပါတယ် ၊ ပွဲပြန်ကစားနိုင်ဖို့ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ဆောင်ရွက်သွားမှာပါ ၊ သူ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ပါတော့မယ် ၊ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲ ပါနိုင် မနိုင်ကိုတော့ စမ်းသပ် စစ်ဆေး ရပါဦးမယ် ။ ”

” ဝီလီယံ ရဲ့ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုကိုလည်း စောင့်ကြည့် စစ်ဆေး သွားမှာပါ ၊ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲ ပါဝင် ကစား နိုင်မလား ဆိုတာ စမ်းသပ် စစ်ဆေး ရပါဦးမယ် ။ လာကာဇက် နဲ့ ရူနာဆန်ကတော့ ပြန်လည် သက်သာလာဖို့ လုပ်ဆောင် နေဆဲပါ ၊ တနင်္ဂနွေနေ့ပွဲမှာ ပါနိုင် ဦးမှာ မဟုတ်ပါဘူး ။ ” လို့ ထုတ်ပြန် ခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အဖြစ် သောမက်စ် ပါတေး ၊ ဂါဘရီယဲလ် မက်ဂါဟေးလ်စ် ၊ နကီတီးယားတို့ ရှိနေကြပါတယ် ။ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ဒဏ်ရာ အခြေအနေကိုလည်း တစ်ပါတည်း ထုတ်ပြန် သွားခဲ့ပါတယ် ။

ချဲလ်ဆီး နဲ့ ရာသီကြို ခြေစမ်းပွဲမှာ ညာဘ​က် ခြေချင်းဝတ် ဒဏ်ရာ ရခဲ့တဲ့ သောမက်စ် ပါတေး ဟာ ဒဏ်ရာက ပြန်လည် သက်သာလာဖို့ ဆေးအဖွဲ့နဲ့အတူ ကြိုးစား လုပ်ဆောင်နေပြီး ဩဂုတ်လ အကုန်မှာ လေ့ကျင့်ခန်း ဆင်းနိုင်ပါမယ် ။

ဒူးဒဏ်ရာကြောင့် ဘရာဇီး အိုလံပစ် အသင်းက နှုတ်ထွက် ခဲ့ရတဲ့ ဂါဘရီယဲလ် ကတော့ ဩဂုတ်လကုန်ခါနီးမှာ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်မှာ ဖြစ်ပြီး နကီတီးယား ကတော့ စက်တင်ဘာလ အစောပိုင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ပါမယ် ။

Credit – SM